Part 4

5K 419 18
                                    

ချူလင်း စိတ်လှုပ်ရှားစွာနှင့် စားပွဲပေါ်ကဖုန်းကိုကောက်ကိုင်လိုက်သည်။
လေကိုခပ်ပြင်းပြင်းရှူထုတ်ပြီး မျှော်လင့်သည့်စိတ်လေးထားလျက် နံပါတ်တချို့ကိုနှိပ်လိုက်သည်။
ဖုန်းဝင်သွားသည့် တီ တီ အသံက သူ့ကိုတစ်ကိုယ်လုံးအေးစက်စေလျက် အသက်ရှူနှုန်းပါမြန်လာစေသည်။

"ဟယ်လို..."

"ရိ...ရိပေါ် နင်ဆုံးဖြတ်ပြီးပြီလား"

ချူလင်း တုန်ယင်ချင်သည့်အသံကို မနည်းရအောင်ထိန်းပြီး မေးလိုက်သည်။

"အင်း နောက်တစ်ပတ်အတွင်းငါပြန်လာမယ်"

"အင်း...နင်ကတိအတိုင်း ပြန်လာခဲ့ရင် ငါ၆လကြာတဲ့အထိ စေ့စပ်ပွဲလုပ်လို့မရအောင် ထပ်ပြီး အချိန်ဆွဲပေးထားမယ်"

"အင်း အဲ့ဆိုဒါပဲ"

ပြန်​ပြောချိန်တောင် မရလိုက်ပဲ ဖုန်းချသွားသည်ကြောင့် ချူလင်း မျက်နှာဆူပုတ်သွားသည်။
စကားကိုကောင်းကောင်းပြောလို့မရ။
ရိပေါ် သူနှင့်တွေ့တိုင်း စကားကိုဆယ်ခွန်းပြည့်အောင်တောင် မပြော ဆယ်ခွန်းပြည့်အောင် ပြောသည့် အခေါက်ကလည်း လက်ချိုးရေလို့ရသည်။
သူ့လိုလူမျိုးနှင့်သာ ချူလင်းလက်ထပ်ကြည့်ပါလား ပျင်းလွန်းလို့ သေသွားနိုင်သည်။

ရိပေါ်က ချူလင်းနှင့်စကားဆက်ပြောချင်စိတ် မရှိတော့တာကြောင့် ပြောပြီးတာနှင့် ဖုန်းချလိုက်သည်။
စိတ်တိုလည်း မတက်နိုင် ချုပ်ချယ်တာကိုမကြိုက်ဘူးဆိုတော့  ခြိမ်းခြောက်သွားသည့် ချူလင်းကို အမြင်မကြည်တော့ပေ။
ရိပေါ် လက်ထပ်မချင်သေးတာကြောင့် အချိန်ဆွဲနိုင်သမျှ အချိန်ဆွဲနေအုန်းမည်။
ဖြစ်နိုင်ရင် အသက်၈၀ ကျော်လောက်ထိ ချူလင်းနှင့်လက်မထပ်ရန် အချိန်ဆွဲထားချင်သည်။
အဖိုးကြီးဖြစ်သွားသည့် အချိန်လောက်ဆို သူလည်းစိတ်ကုန်သွားလောက်မှာ။

"ဟွိုက် ရုံးခန်းထဲလာခဲ့"

ဟွိုက် bossဖြစ်သူဆီက အမှာစကားရောက်နှင့်သည့် ချက်ချင်းထလျက် ရုံးခန်းထဲဝင်ခဲ့သည်။
ရုံးခန်းထဲရောက်တော့ အလုပ်စားပွဲမှာထိုင်နေသည့် bossမျက်နှာက တည်တင်းနေသည်။
ဟွိုက် boss၏နဂိုတည်ငြိမ်နေသည့် မျက်နှာတောင်မနည်းအားယူကြည့်နေရသည်ကို ဒီလိုမျက်နှာကြီးတည်တင်းနေတော့ ဟွိုက်ဒီအလုပ်ကို ဝင်ခဲ့သည့်အတွက် နောင်တရမိသည်။

SECRET (season2) [Completed]Where stories live. Discover now