Part 17

4.6K 424 21
                                    

ပါးပါးနှင့် ရှောင်းကျန့် စကားများခဲ့လား၊ မများခဲ့ဘူးလားဆိုတာ သေချာမသိပေမည့် သေချာတာတစ်ခုကတော့ ရှောင်းကျန့် အရမ်းဒေါသထွက်နေတယ် ဆိုတာ ရိပေါ်သိသည်။
မျက်နှာတည်ကြီးနှင့် အလုပ်လုပ်နေတာမလို့ ဥက္ကဌက သူလားကိုယ်လားဆိုတာ မသဲကွဲ။
ယခုလို ရှောင်းကျန့် ဒေါသထွက်နေသည့် ပုံစံကလည်း သူမမြင်ဘူးသည့် ပုံစံတစ်ခုဖြစ်ပြီး မျက်နှာတည်တင်းနေပေမည့် ချစ်စရာကောင်းနေသည်။

မျက်နှာချင်းဆိုင် အကွာအဝေးတစ်ခုလောက်နှင့် ထိုင်နေရတော့ ကြည့်ရတာ အားမရ။
နောက်နေ့ကျ သူနှင့် အနီးကပ်စားပွဲခုံပြောင်းထားလိုက်လျှင် ကောင်းမလားစဥ်းစားမိပေမည့် ဘယ်ဥက္ကဌကမှ သူ့အတွင်းရေးမှူကို ရုံးခန်းထဲ မနေခိုင်း။
သူတောင် အူတိုလွန်းလို့သာ အတွင်းရေးမှူးဆိုသည့် အကြောင်းပြချက်နှင့် ရုံးခန်းထဲ နေခိုင်းထားတာ။
ဟွိုက်ကို တိုင်ပင်လျှင်လည်း  ဒီထက်ပိုပြီး နီးနီးကပ်ကပ် ထားချင်လျှင် ရှောင်းကျန့်ကို bossပေါင်ပေါ်သာ တင်ထားလိုက်တော့ဆိုပြီး ပြောမှာ သေချာပေါက်။

ရိပေါ် ငေးကောင်းကောင်းနှင့် အားရအောင် ငေးနေတုန်း ရှောင်းကျန့်က အလုပ်လုပ်နေရာကနေ မော့ကြည့်ပြီး ရိပေါ်ကြည့်နေမှန်းသိတော့ မျက်စောင်းထိုးလျက် ခေါင်းငုံ့ပြီး သူ့အလုပ်သူပြန်လုပ်နေသည်။

ရှောင်းကျန့် မျက်စောင်းထိုးတာကို မြင်လိုက်ရသည့် တခဏ ရိပေါ် ကြက်သေသေသွားရသည်။
ဘာလို့...ဘာလို့ ရှောင်းကျန့် မျက်စောင်းထိုးတာလေးက ချစ်စရာကောင်းနေရတာလဲ။
ရိပေါ် ထိုင်နေရာကနေ အ​မြန်ထပြီး ရှောင်းကျန့်ကို  ဖက်နမ်းချင်ပေမည့် ကိုယ့်ကိုယ်ကို ထိန်းလိုက်ရသည်။

သူကလေကြီးမိုးကြီးနှင့် သူ့ကိုယ်သူပြောထားသည်မလား။
အဲ့ဒါကို သူစိတ်သူနိုင်အောင် မထိန်းလျှင် ရှက်စရာကြီးဖြစ်နေမှာပေါ့။
ရိပေါ် အတွေးတွေကို ဖျောက်ဖို့ အလုပ်တွေသာ ဖိလုပ်လိုက်သည်။

_______________________

ဒေါက် ဒေါက်

ချူလင်း မောင့်၏တိုက်ခန်းရှေ့မှာ ရပ်ပြီး အခန်းတံခါးခေါက်နေသည်မှာ လက်ဆစ်တွေတောင်နီနေပြီ။
ဘဲလ်တီးပေမည့် တံခါးဖွင့်မလာတာကြောင့် တံခါးကိုသာ ထုရိုက်ပြီး တဒေါက်ဒေါက်ခေါက်နေသည်။
မောင်အခန်းထဲမှာ မရှိဘူးလားဆိုပြီး တွေးမိပေမည့် မဖြစ်နိုင် မောင် သူ့ဆီကိုမလာတာကြာပြီ။
ဖုန်းဆက်တော့လည်း ဖုန်းကမကိုင်၊ ဆက်တိုက်ဖုန်းခေါ်နေတော့ နောက်ဆုံးမောင်က ဖုန်းပိတ်ထားလိုက်သည်။

SECRET (season2) [Completed]Where stories live. Discover now