Part 26

4.4K 367 13
                                    

ကြားနေရသည့် ကျေးငှက်လေးတွေ၏တွန်မြည်သံ၊ စီးဆင်းနေသည့် ရေစီးသံလေးကိုလည်းကြားနေရပြီး ခါတိုင်းလို အေးစိမ့်မှုကို မခံစားရ။
အိပ်နေပေမည့် သူ့၏မသိစိတ်က ခံစားချက်က သူ့အိပ်ခန်းမဟုတ်ဘဲ သူတခြားတစ်နေရာမှာ ရှိနေတယ်ဆိုတာ သိသည်။
ဖွင့်ဖို့ခက်ခဲနေသည့် လေးလံသော မျက်ခွံကို မနည်းဖွင့်ကြည့်လိုက်တော့ ပထမဆုံး မြင်လိုက်ရသည်က တလွင့်လွင့် လွင့်ပျံနေသည့် လိုက်ကာဖြူနောက်က ပင်လယ်ပြာ။

ကုတင်ပေါ်က အမြန်ဆင်းပြီး လိုက်ကာကိုဖယ်ကာ ဝရန်တာဘက်ကိုထွက်ကြည့်တော့ အဆုံးသတ်က ဘယ်မှာမှန်းမသိသည့် အပြာရောင်ပင်လယ်ပြင်ကြီးကို မြင်လိုက်ရသည်။
တခဏတော့ ကြောင်အမိသွားပေမည့် တဖြည်းဖြည်း ဖြစ်တည်လာသည့် ရှောင်းကျန့် မျက်နှာက အပြုံးရိပ်တွေဟာ ဖုံးဖိလို့ မရနိုင်အောင် ပေါ်လာခဲ့သည်။

မြင်ကွင်းရှေ့က အပြာရောင်ပင်လယ်၊ ဘေးဘက်က ပန်းပေါင်းမျိုးစုံနှင့် စိမ်းလဲ့နေသည့် သစ်ပင်​တွေ၊ အောက်ဘက်မှာက သစ်သားနှင့် ဆောက်ထားသည့် အိမ်လေးတွေလည်း ရှိသည်။
အားလုံးက လှပပြီး စိတ်ကူးယဥ်ဆန်သည့် နေရာလေးဖြစ်သည်။

"နေပါအုန်း ငါဒီကို ဘယ်လိုရောက်လာတာလဲ"

ငေးမောစရာကောင်းပြီး လှပသည့် ပတ်ဝန်းကျင်ကို ကြည့်ပြီးတော့မှ သူဒီကိုဘယ်လိုရောက်လာလဲဆိုတာ စဥ်းစားမိသွားတာကြောင့် တီးတိုးရေရွတ်လိုက်မိသည်။
သေချာပြန်စဥ်းစားကြည့်တော့ မှတ်မိလိုက်သည့် မှတ်ဉာဏ်အချို့က သူမနေ့ညက အိပ်ဆေးသောက်ပြီး အိပ်လိုက်သည်ဆိုတာပဲ။
ဒါဆို ဒီကို သူဘယ်လိုရောက်လာတာလဲ။

ရှောင်းကျန့် အဲ့ဒီတော့မှ ဝရန်တာကနေ အခန်းထဲပြန်ဝင်ကာ သေချာကြည့်လိုက်သည်။
သစ်သားအိမ်လေးထဲက သစ်သားအသုံးအဆောင် ပစ္စည်းတွေနှင့် သစ်သားနံ့သင်းသင်းလေးပျံ့လွင့်နေသည့် အိမ်လေးက နေချင်စရာ။
ပစ္စည်းအနည်းငယ်သာ ရှိသည့်အခန်းငယ်လေးက ရိုးရှင်းစွာ။

"နိုးပြီလား ကော"

ရုတ်တရက် သူ့အနောက်က ရင်းနှီးသည့်အသံ ကြားလိုက်တာမလို့ ရှောင်းကျန့် ချက်ချင်း လှည့်ကြည့်လိုက်သည်။
အဖြူရောင် တဘတ်တစ်ထည်ကို ခါးမှာ ပတ်ထားပြီး ၊ အပေါ်ပိုင်း ဗလာကျင်းလျက် ပဝါတစ်ထည်နှင့် ခေါင်းသုတ်ကာ သူ့ကို ခပ်စူးစူးစိုက်ကြည့်နေသည့် ရိပေါ်ကို တွေ့လိုက်ရသည်။

SECRET (season2) [Completed]Where stories live. Discover now