Part 21

4.4K 354 19
                                    

ရှောင်းကျန့် အိမ်ကိုပြန်လာတော့ မားမားနှင့်ပါးပါးက အိမ်ရှေ့မှာ ထွက်စောင့်နေသည်။
ရာသီဥတုကအေးနေတာကို နှစ်ယောက်လုံး အရှေ့မှာ ထွက်စောင့်နေတာကြောင့် ရှောင်းကျန့် မြန်မြန် မားမားနှင့်ပါးပါးနား သွားလိုက်သည်။

" ဘာလို့အပြင်မှာ ထွက်စောင့်နေတာလဲ ဒီလောက်အေးနေတာကို"

"သားကိုစောင့်နေတာ"

"စောင့်နေသေးတယ် မားမားရာ အိမ်ထဲဝင်ရအောင် မားမားအေးနေပြီမလား"

မားမားက မျက်နှာသိပ်မကောင်း ကြည့်ရတာ မနက်ကသူပြောလိုက်တာကို စိတ်မကောင်းဖြစ်နေသည် ထင်သည်။
အိမ်ထဲကို ရောက်တော့ ရှောင်းကျန့် အနွေးထည်ချွတ်ပြီး အင်္ကျီချိတ်နှင့် ချိတ်ထားလိုက်သည်။

"အော် မားမား ဒီနေ့ ရိပေါ်က companyမလာလို့ ခေါက်ဆွဲက မပေးရဘူး"

"ရပါတယ် သားရယ်"

"ဟုတ် အဲ့ဆို ရေသွားချိုးလိုက်အုန်းမယ်"

"အင်း မြန်မြန်ချိုးနော် ခေါင်းမလျှော်နဲ့"

"ဟုတ် "

ရှောင်းကျန့် အိပ်ခန်းထဲ ဝင်လာတော့ ထုံးစံအတိုင်း Jian guo က သူ့ကုတင်ပေါ်မှာတက်အိပ်နေသည်။
​ဒီjian guoဆိုတဲ့ကြောင်ကလည်း အရမ်းအကောင်းကြိုက် ဘယ်တော့မှ သူအိပ်ဖို့လုပ်ပေးထားသည့်နေရာမှာမအိပ်။
ရှောင်းကျန့်၏ ကုတင်ပေါ်ကိုပဲ တက်တက်အိပ်နေသည်။

ရှောင်းကျန့် ဒီထက်နောက်ကျမှ ရေချိုးရင် ဖျားနိုင်ချေရှိတာမလို့ ရေအမြန်ချိုးပြီး အနွေးထည်ထူထူလေး ထပ်ဝတ်လျက် အိမ်ရှေ့ကို ထွက်လာခဲ့သည်။
ပါးပါးက ဧည့်ခန်းထဲမှာ ဇာတ်လမ်းကြည့်နေတာကြောင့်
ရှောင်းကျန့်လည်း ပါးပါးဘေးနားသွားထိုင်လိုက်သည်။

"ပါးပါး မားမားရော"

"အခန်းထဲမှာ သား"

"နေမကောင်းဘူးလား"

"ကောင်းပါတယ် ဒီအတိုင်း လှဲချင်လို့ဆိုလားပဲ"

"ဟုတ်"

"ဒါနဲ့ သား မင်းမားမားကို စိတ်မဆိုးနဲ့တော့နော်"

"အင်းပါ သားလည်း နည်းနည်း စိတ်မကောင်းဖြစ်သွားမိလို့ ပြန်ပြောလိုက်တာ"

SECRET (season2) [Completed]Where stories live. Discover now