Part 10

5.1K 434 25
                                    

ချမ်းသာသည့် မိသားစုအသိုင်းအဝိုင်းလောက်သာ ဝင်ခွင့်ရှိသည့် Pinkish Clubသို့ ထျန်း ရောက်နေသည်။
ချောင်ကျသည့် နေရာတစ်နေရာမှာ ထိုင်ပြီး အပြင်းစားအရက်တွေကြီး သောက်လျက် အရှေ့မှာကနေသည့် လူတွေကိုလိုက်ကြည့်နေသည်။
ဒီလူတွေထဲမှာ သူသဘောကျလောက်မည့် လူများရှိမလားဆိုပြီး တစ်ယောက်ချင်းစီကြည့်နေပေမည့် ကောလောက်သူ့ရင်ကို ဘယ်သူမှ မလှုပ်ကိုင်နိုင်။
မုန်းလိုက်တာ နာကျင်ရသည့် ခံစားချက်ကြီးက လုံးဝမကောင်းဘူး။
ကောကလည်း ဘာကြောင့်သူ့ကို ပြန်မချစ်နိုင်ရတာလဲ။

ထျန်း စိတ်ပေါက်ပေါက်နှင့် ပုလင်းလိုက်မော့ချမလို့ လုပ်တုန်းသူ့လက်ထဲ ကိုင်ထားသည့်ပုလင်းကို ဆွဲယူသွားသည့် လက်တစ်ဖက်ကြောင့် ထျန်း မော့ကြည့်လိုက်တော့ ဥက္ကဌ၏လူယုံ ဟွိုက်ဖြစ်နေသည်။
ဟွိုက် လက်ထဲပါသွားသည့် သူ့အရက်ပုလင်းလေးကတော့ ပြောင်သလင်းခါအောင်သောက်ခြင်းခံလိုက်ရသည်။
ဟင့် အကြိုက်ဆုံးအရက်လေးကို။

"တစ်ယောက်ထဲ မသောက်နဲ့လေ ငါ့လည်းတိုက်"

"တိုက်ဘူး...ဟင့်...ငါ့ဟာ"

အစောကြီးရှိသေးတာကို clubလာပြီး မူးနေပြီထင်သည်။
သောက်ထားသည့်အရှိန်ကြောင့် မျက်နှာလေးက နီရဲနေပြီး တစ်မျိုးလေးချစ်စရာကောင်းနေသည်။
ဆူပုတ်ပုတ်လေးနှင့် သူ့အရက်ပုလင်းတွေကိုဖက်ပြီး  ပြန်ကလည်းပြောသေးသည်။
ရုံးမှာတွေ့နေကျ တည်ငြိမ်နေသည့် မျက်နှာလေး ဟန်ဆောင်လုပ်ယူထားသည့်ပုံပင်။

"Ok ကိုယ်မသောက်ဘူး ဒါပေမယ့် ဒီမှာတော့ ထိုင်လို့ရတယ်မလား"

"အင်းအင်း...ထိုင်...ငါ့ဘေးနားလာထိုင်"

ဟိုဘက်တိုးပြီး သူ့ဘေးနားကို ဇွတ်ထိုင်ခိုင်းနေသည့် ကောင်လေးကြောင့် ဟွိုက်မပြုံးဘဲမနေနိုင်။
နဂိုကတည်းက တည်ငြိမ်သူမဟုတ်ပါဘူး ဆိုနေ ဒီကောင်လေးက သူ့ကိုပိုပြီးဆိုးအောင်လုပ်နေသည်။

______________________

ရှောင်းကျန့် ရုံးဆင်းသည့်အချိန်ကို စောင့်ပြီး ရှောင်းကျန့် နောက်ကနေ တိတ်တဆိတ် ရိပေါ်လိုက်ခဲ့သည်။
အနွေးထည်အထပ်ထပ် ဝတ်ထားသည့်ပုံက အရမ်းကိုချစ်စရာကောင်းနေပြီး လှုပ်တုပ်လှုပ်တုပ်သွားနေသည့်ပုံက အရမ်းကိုအူယားစရာ။

SECRET (season2) [Completed]Where stories live. Discover now