ရိပေါ် ချူလင်းပြောသည့်နေရာကိုရောက်တော့ ခြေချိတ်ကာအေးဆေး ဖုန်းထိုင်နှိပ်နေသည့် ချူလင်းကြောင့် မျက်ခုံးပင့်မိသွားသည်။
ဒီပုံစံက ဖုန်းထဲမှာတုန်ယင်နေသည့် လေသံနှင့်ပြောနေသည့် လူမှဟုတ်ရဲ့လား။
ချူလင်းရှေ့သွားရပ်တော့ မော့ကြည့်လာပြီး ရီပြလာသည်။"Accident ဖြစ်တယ်ဆို"
"အေးလေ ဟိုမှာကြည့်လိုက်"
လက်ညိုးထိုးပြသည့် နေရာကြည့်လိုက်တော့ ချူလင်း၏ ကားအရှေ့ကမီးခွက်တွေကွဲပြီးချိုင့် ပါနေသည်။
"အဲ့တော့ ဘယ်လိုလုပ်ချင်တုန်း"
"ငါ့ကိုcompanyလိုက်ပို့ပေး။ ငါ့ကားကို ဖေ့ဖေ့လူတွေလာရှင်းလိမ့်မယ်"
"ကောင်းပြီ သွားမယ်"
ချူလင်း ရိပေါ်ကားပေါ်တက်လိုက်ပြီး companyကိုသွားလိုက်သည်။
တစ်လမ်းလုံး ဘာစကားမှမပြောကြဘဲ တိတ်ဆိတ်နေသည်ကြောင့် ချူလင်းအိပ်ချင်လာသည်။သူ့ဘက်ကလည်း ရိပေါ်ကိုပြောစရာစကားမရှိ။
မရှိဘူးဆိုသည်မှာလည်း နဂိုကတည်းက သူနှင့်ရိပေါ်က သူငယ်ချင်းလည်းမဟုတ်သလို လမ်းတွေ့ရင်တောင် ရီပြကြသည်မှမဟုတ်တာ။
ရိပေါ်ပါးပါးနှင့် သူ့ဖေဖေကြောင့်သာ လွန်ခဲ့သည့်၆နှစ်မှစပြီး မေးထူးခေါ်ပြော လုပ်နေရာကနေတစ်ဆင့် ချက်ချင်း စေ့စပ်ပေးမည်ဆိုသည့် မိဘတွေကြောင့် နှစ်ယောက်လုံး မတိုင်ပင်ဘဲ ငြင်းပြီးအချိန်တွေဆွဲထားကြသည်။"ချူလင်း!!!"
"ဟင်...ဟင် ဘာတုန်းလန့်တာ"
"Companyရောက်ပြီ ဆင်းတော့"
"အေးပါ အေးပါ...သာသာယာယာမပြောဘူး ဇွတ်အော်နေတာ"
ချူလင်း ဆောင့်အောင့်ပြီးကားပေါ်ကဆင်းလျက် ကားတံခါးကို စောင့်ပိတ်လိုက်သည်။
သူ့ကားမှမဟုတ်တာ ပျက်လည်းကိစ္စမရှိ။ ပိုင်ရှင်ကိုလုပ်လို့မရတော့ သူပိုင်သည့်ပစ္စည်းအပေါ်သာ မဲကျလိုက်သည်။
ကားတံခါးပိတ်လိုက်သည့်နှင့် ချက်ချင်းမောင်းထွက်သွားသည်ကြောင့် ချူလင်းမျက်စောင်းထိုးပြီး companyထဲသို့သာဝင်လာခဲ့သည်။
YOU ARE READING
SECRET (season2) [Completed]
FanfictionWang Yibo & Xiao Zhan 💖 ငါ မင်းကိုမယုံသေးဘူး.....