Zawgyi
ဗဟိုအစိုးရမာရှယ်တစ်ယောက်စီရှိကြတဲ့ ယွီမိသားစုနဲ့ကျန်းမိသားစုက သူတို့မိသားစုတွေထဲက အငယ်လေးတွေကို စေ့စပ်ပေးဖို့ စီစဉ်ထားကြတယ်။ မိသားစုနှစ်ခုစလုံးက သူတို့ကလေးတွေကို ကြီးလာတဲ့အခါမှာ လက်ထပ်ပေးဖို့ စီစဉ်ထားကြတယ်။ ဒါပေမဲ့စေ့စပ်ထားတဲ့ထဲက တစ်ယောက်ဖြစ်တဲ့ ကျန်းမော့ရှန်းက ဇာ့ခ်နှင့်တိုက်ခိုက်တုန်းမှာ သူ့ရဲ့အဓိကရိုးတွင်းခြင်ဆီ ကျိုးသွားတာကြောင့် မသန်မစွမ်းဖြစ်ပြီး သေလုမျောပါးဖြစ်နေမယ်လို့ ဘယ်သူကမှ မမျှော်လင့်ထားမိဘူး။
ဒီလိုအခြေအနေမျိုးမှာ သူ့ကိုလက်ထပ်တာက အလှပန်းအိုးဖြစ်လာမယ်လို့ ဆိုလိုတာပဲ။ အတိတ်မှာဘယ်လောက်ပဲ ယွီဂျင်ရှန်းကကျန်းမော့ရှန်းကို ကြိုက်ခဲ့ပါစေ။ အဲ့ဒါကသူက အနာဂတ်မရှိတဲ့ယောက်ျားတစ်ယောက်နဲ့ လက်ထပ်မယ်လို့ မဆိုလိုဘူး။
အဲ့ဒါကိုဘေးဖယ်ထားရင်တောင် ယွီမိသားစုကလည်း သူတို့ရဲ့ချစ်လှစွာသောသားလေး လက်ထပ်ပြီးခံစားရမှာကို ခွင့်မပြုနိုင်ဘူး။ သို့သော်လည်း ကျန်းမိသားစုက အင်အားအကြီးဆုံးမိသားစုတွေထဲက တစ်ခုဖြစ်တာမို့ ယွီမိသားစုကစေ့စပ်ပွဲကို ရှင်းရှင်းလင်းလင်းမချိုးဖျက်နိုင်ဘူး။ အဲ့ဒါကြောင့် သူတို့က ယွီဂျင်ရှန်းရဲ့နေရာမှာအစားထိုးပြီး တစ်စုံတစ်ယောက်ကို လက်ထပ်ခိုင်းဖို့ အကြံရလာတယ်။
ဘာပဲဖြစ်ဖြစ် ယွီမိသားစုနဲ့ကျန်းမိသားစုက စေ့စပ်ပွဲကိုစီစဉ်တုန်းက စေ့စပ်ကြောင်းလှမ်းထားတဲ့သူကို သေသေချာချာမဖော်ပြထားဘူး။ ယွီဂျင်လီကိုလည်း ယွီမိသားစုဝင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်တာမို့ သူလည်း စေ့စပ်ကြောင်းလှမ်းနိုင်တယ်။
အဲ့ဒါကြောင့် စေ့စပ်ထားတာကို ရှင်းရှင်းလင်းလင်း ဖျက်သိမ်းခြင်းကနေ ရှောင်ရှားဖို့ ယွီမိသားစုက ယွီဂျင်လီကို ကျန်းမိသားစုဆီ အစားထိုးလက်ထပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။
ယွီဂျင်လီက မူလကိုယ်ဆီကနေ မှတ်ညဏ်တွေအကုန်လုံးကို ပြန်စဉ်းစားပြီးတဲ့အခါမှာ သူဘာဖြစ်နေလဲဆိုတာကို သေချာဆုပ်ကိုင်နိုင်ပြီးတော့ ယွီမိသားစုကို ချက်ချင်း အထင်အမြင်သေးသွားတော့တယ်။ အထူးသဖြင့် ယွီဂျင်ရှန်း။ နောက်ကိုပြန်ကြည့်မယ်ဆိုရင် ကျန်းမိသားစုနဲ့ယွီမိသားစုက စေ့စပ်ကြောင်းလှမ်းမှုကို သိုသိုသိပ်သိပ်ပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ ယွီဂျင်ရှန်းက သတင်းတွေကိုဖြန့်လိုက်ပြီးတော့ သူအရွယ်ရောက်လာတာနဲ့ချက်ချင်း လက်ထပ်ထိမ်းမြားပြီး ကျန်းမိသားစုထဲဝင်ပြီး ကျန်းမော့ရှန်းရဲ့ခင်ပွန်းသည် ဖြစ်လာတော့မဲ့ပုံစံလိုမျိုး ပြုမူနေတော့တာပဲ။
YOU ARE READING
TYGW's Mr.Lucky (BL) [Myanmar Translation] Book-1
ActionThis novel's not mine. I love to read this novel. So I translate for fun. Please support original author and english Translator. Title : The Young General's Wife Is Mr.Lucky Author : Demon Fox With Fiery Tail Status : 528 chapters (completed) Start...