Chapter(55):မနာလိုဖြစ်နေသော မျက်နှာ-2

4.5K 881 10
                                    

Zawgyi

ဖန်တွေက အနည်းငယ် စိတ်ရှုပ်ထွေးနေကြပြီးတော့ လေထုကို အမြင့်ဆုံးထိရောက်အောင် တိုက်ရိုက်ဆွဲတင်လိုက်တဲ့ တစ်ခြားဖန်တစ်ယောက်ရဲ့မှတ်ချက်က မျက်နှာပြင်ပေါ်မှာ မပေါ်လာခင်အထိ ဘယ်လိုမျိုးတုံ့ပြန်ရမလဲဆိုတာကို မသိကြပါဘူး။

[Ao Ao Ao Ao!!! Hey! ငါ ငါ့ကိုယ်ငါမထိန်းနိုင်တော့ဘူး။ လူတိုင်းပြောနေကြတာကိုမြင်တော့ ငါလည်းပါဝင်ချင်လာတယ်။ Koi ငါးရဲ့ကြီးမြတ်မှုကို ငါတကယ်ကို အသိအမှတ်ပြုတယ်။ Koi dada ငါအင်တာဗျူးဖြေပြီးသွားတော့ ငါ့အကြိုက်ဆုံးကုမ္ပဏီကနေ ငါ့ကိုအလုပ်ကမ်းလှမ်းလာတယ်။ ကံကောင်းစွာနဲ့ ငါမနေ့က koi ငါးဆီမှာ ဆုတောင်းခဲ့လို့ ဒီနေ့အဲ့ဒါကအမှန်တကယ် ငါ့ဆီကို ကံကောင်းမှုတွေ ယူဆောင်လာပေးတာ။]

[အပေါ်ထပ်မှာ ဘာတွေဖြစ်နေကြတာလဲ? နင်အင်တာဗျူးသွားဖြေခဲ့တာက ဘယ်ကုမ္ပဏီလဲ?]

[Emperor ရှိုးဒီမှာ စီမံခန့်ခွဲရေးလက်ထောက်လေ။ ငါဒီနေ့အင်တာဗျူးကို အောင်ပြီးသွားတာနဲ့ ပြန်လာဖို့ကို မစောင့်နိုင်တော့ဘူး။ ငါအရမ်းစိတ်လှုပ်ရှားနေတယ်။]

ဒီဖန်ရဲ့မှတ်ချက်ထွက်လာတာနဲ့ချက်ချင်း မျက်နှာပြင်ပေါ်မှာ ဆွေးနွေးနေမှုက ပိုပြီးစိတ်အားထက်သန်လာကြတယ်။ ဒါက တစ်ခြားမဟုတ်ဘူး။ First emperor လေ။

ရှိုးဒီက ကြယ်မြို့တော်ရဲ့သြဇာအရှိန်အဝါ အများဆုံးနဲ့ အကြီးဆုံးအုပ်စုဖြစ်တယ်။ ကုမ္ပဏီရဲ့ငွေကြေးအကျိုးအမြတ်က အရမ်းကောင်းမွန်တာကြောင့် ဝင်ချင်တဲ့လူတွေနဲ့  ပြည့်နှက်နေတာဖြစ်တယ်။ သူတို့တွေက ဒီကုမ္ပဏီထဲကိုဝင်နိုင်ဖို့ မျှော်လင့်ရင်းနဲ့ နှစ်အနည်းငယ်လောက် ကုန်ဆုံးသွားနိုင်တယ်။ မကြာခဏဆိုသလို လူတစ်ထောင်ကျော်လောက်က နေရာတစ်ခုရဖို့ လျှောက်ထားနေကြတာဖြစ်တယ်။ ဒီပြိုင်ဆိုင်မှုက ပြင်းထန်လွန်းတယ်။

သို့သော်လည်း သူတို့ထဲကလူအချို့က emperor ရဲ့အင်တာဗျူးကို အောင်မြင်သွားလိမ့်မယ်လို့ သူတို့မမျှော်လင့်ထားမိပါဘူး။ သူတို့တွေက လူမဟုတ်လောက်ဘူး။

လူတိုင်းက အင်တာဗျူး​အောင်မြင်သွားတဲ့ ကံကောင်းတဲ့တစ်ယောက်ရဲ့ ကံကောင်းမှုကိုကြည့်ပြီး သက်ပြင်းချဖို့ အဆင်သင့်ဖြစ်နေကြတဲ့အချိန်မှာပဲ အရင်ကကီးဘုတ်ကိုစားပြမယ်ဆိုတဲ့ တစ်ယောက်ကပဲထပ်ပြီး တစ်ယောက်တည်းအထီးကျန်နေရတဲ့ ခံစားချက်ကို မလိုလားလို့ထင်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now