Chapter(30):ထူးဆန်းသော စိတ်ခံစားမှု

4.7K 982 6
                                    

Zawgyi

ယွီဂျင်လီက အခုအရမ်းစိတ်လှုပ်ရှားနေတယ်။ အချိန်အကြာကြီးစောင့်ခဲ့ရတဲ့ စားစရာတွေကို စားရတာထက်တောင် ပိုပြီးစိတ်လှုပ်ရှားနေတယ်။ အနာဂတ်ကျရင် ရွှေရောင်ပေါင်လုံးကြီးကို ဖက်ထားနိုင်ဖို့ သူသေချာပေါက်ကို ပိုပြီးကြိုးစားရမယ်။ ဖြစ်ကောင်းဖြစ်နိုင်တာက အဲ့တာကသူ့အတွက် ယုံကြည်မှုစွမ်းအားတွေကို ရဖို့ပိုပြီးလွယ်ကူလိမ့်မယ်။ ရွှေရောင်အလင်းတန်းတွေနှင့် ကုသိုလ်ကံတွေက စူပါပလပ်ခေါင်းလိုမျိုးများနေအောင် ဘယ်သူကလုပ်ခိုင်းလို့လဲ။

"အမေနှင့်အဖေ အရင်စားနှင့်ပါ။ ကျွန်တော်အားရှန်းကို အာဟာရဓာတ်စာအချို့ အရင်သွားပေးလိုက်အုံးမယ်။" ယွီဂျင်လီပြောပြီးသွားတော့ တစ်ခြားတစ်ဖက်က ပြန်ပြောမှာကိုမစောင့်ပဲ့နှင့် အစေခံဆီကနေ အာဟာရဓာတ်စာကို ချက်ချင်းယူပြီးတော့ အပေါ်ထပ်ကိုပြေးတက်သွားတယ်။

ပုံမှန်ဆိုရင် သူကအရင်စားပြီးမှ ကျန်းမော့ရှန်းကို အာဟာရဓာတ်စာပို့လေ့ရှိတယ်။ ဒါပေမယ့်အခုချိန်မှာ စိတ်လှုပ်ရှားနေတဲ့ယွီဂျင်လီက
အရင်စားဖို့တောင် မတတ်နိုင်တော့ဘူး။

ရွှေရောင်ပေါင်လုံးကြီးအရင်မစားသေးပဲ့ သူဘယ်လိုလုပ်စားနိုင်မှာလဲ? သူရွှေရောင်ပေါင်လုံးကြီးကို ကောင်းကောင်းဆက်ဆံရမယ်။ ဒီနည်းလမ်းနှင့် သူနောက်ပိုင်းကျရင် ပိုပြီးကံကောင်းလာလိမ့်မယ်။
မကြာခင် သူယုံကြည်မှုစွမ်းအားကို စုဆောင်းဖို့ နည်းလမ်းရှာတွေ့တော့မယ်နှင့်တူတယ်။

ယွီဂျင်လီက သူသူ့ရဲ့ကျင့်ကြံဆင့်တွေကို ပြန်လည်ရရှိလာလိမ့်မယ်လို့ တွေးမိတဲ့အတွက်ကြောင့် ဒီကမ္ဘာကိုမကြောက်ပါဘူး။ သူတစ်ခစ်ခစ်ရယ်နေပြီးတော့ သူရယ်နေတာကို လူတွေကိုမြင်ခွင့်ပြုထားလိုက်တယ်။ သူတို့ရဲ့မိန်းမပျိုငယ်လေးက နတ်ဆိုးများလားလို့
တွေးမိပြီးတော့ သူတို့ကျောချမ်းပြီး အံ့သြသွားကြတယ်။ သူဒီလောက်တောင် ဘယ်လိုရယ်နိုင်ရတာလဲ။

ကျန်းမော့ရှန်းလည်းပဲ့ ယွီဂျင်လီရဲ့ရောက်ရှိလာမှုကြောင့် အနည်းငယ်အံ့သြသွားတယ်။ ဘာလို့လဲဆိုတော့ဒီအချိန်က သူ့မိသားစုပုံမှန်ညစာစားနေကျ အချိန်မို့လို့ပဲ့ဖြစ်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now