Chapter(4):ကျန်းမိသားစုဆီ သွားကြစို့

5.2K 1K 9
                                    

Zawgyi

ပုံမှန်ဆိုရင် ယွီဂျင်လီက နှစ်တစ်ထောင်လောက် မကောင်းဆိုးဝါးအဖြစ်နေခဲ့တာဆိုတော့ သူမြင်ခဲ့ရတာတွေက လူသားတွေထက်တောင် ပိုများတယ်။ ဒါပေမဲ့ သူယွီမိသားစုအိမ်အပြင်ဘက်ကို ထွက်လိုက်တဲ့အချိန်မှာ ကားပျံတွေကိုတွေ့လိုက်ရတာကြောင့် လူတစ်ကိုယ်လုံးမူးမေ့တော့မလိုတောင် ဖြစ်သွားတယ်။

သူထင်တာက သူတော့တစ်ခြားလူရဲ့ခန္ဓာကိုယ်ကို မတော်တဆယူလိုက်မိပြီပေါ့။ သူ့ကိစ္စတွေရော ဒီခန္ဓာကိုယ်ရဲ့အကျိုးသက်ရောက်မှုတွေရော ပြီးဆုံးသွားတဲ့အချိန်ကျရင် သူ့ဆရာနဲ့သူ့ဆရာတူအစ်ကိုကို သွားရှာနိုင်လိမ့်မယ်လို့ပေါ့။ ဒါပေမဲ့ အခုလက်ရှိမြင်ကွင်းတွေကို ကြည့်ပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံး မတုံ့ပြန်နိုင်လောက်အောင် သူနေထိုင်ခဲ့တဲ့ကမ္ဘာနဲ့ လုံးဝကွဲပြားနေတာကို တွေ့လိုက်ရတယ်။

အတိတ်တုန်းက သူနေထိုင်ခဲ့တဲ့ကမ္ဘာကြီးမှာ ကျင့်ကြံသူတွေက နည်းသထက်နည်းလာကြတယ်။ နိုင်ငံတော်ကို တည်ထောင်ပြီးတဲ့အချိန်မှာ ဘယ်သူမှ မကျင့်ကြံရဘူးဆိုတဲ့ ဥပဒေတစ်ခုရှိခဲ့တယ်။ သူကကျင့်ကြံသူတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပေမဲ့လည်း သူ့ဆရာက အာဏာရှိတဲ့လူတစ်ယောက် ဖြစ်တဲ့အတွက် သိသာအောင်မနေခဲ့ဘူး။

ဒါ့အပြင်ကို ဒီကမ္ဘာပေါ်မှာရှိတဲ့ စိတ်စွမ်းအင်စွမ်းအားတွေကလည်း ပိုပိုပြီးနည်းသထက်နည်းလာတယ်။ ကျင့်ကြံသူအများစုကလည်း လူသားလောကထဲကို ဝင်ပြီးတော့ လူသားတွေလိုမျိုးနေထိုင်နိုင်ဖို့ သင်ယူကြတော့တယ်။

လူသားကမ္ဘာကတကယ်ကို အံ့သြစရာကောင်းတယ်။ စိတ်စွမ်းအင်စွမ်းအားတွေ ​မှော်ပညာတွေမရှိပဲနဲ့ လူသားတွေက ကျင့်ကြံသူတွေတောင် မလုပ်နိုင်တဲ့အရာတွေကို ဖန်တီးနိုင်တယ်။ ပြီးတော့ သူတို့မှာ စိတ်စွမ်းအားတွေမရှိပဲ့နဲ့ ကောင်းကင်ပေါ်မှာပျံနိုင်ကြတယ်။ အဲ့ဒါက အဖြစ်အပျက်အနည်းငယ်ပဲ ရှိသေးတယ်။

အရင်ကမ္ဘာမှာဆိုရင် ကားတွေက မြေပြင်ပေါ်မှာသာ သွားလာနိုင်ကြပေမဲ့ အခုတော့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကောင်းကင်ပေါ်မှာ ပျံနေတဲ့ကားတွေကို သူတွေ့လိုက်ရတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now