Zawgyi
ကျန်းမော့ရှန်းက သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ လဲလျောင်းလုနီးပါးဖြစ်နေတဲ့ ယွီဂျင်လီကို နက်ရှိုင်းစွာ ကြည့်လိုက်တယ်။ သူအထင်မှားနေတာလားဆိုတာကို သူမသိဘူး။ သူသူ့ကိုယ်ကို ထိလိုက်တဲ့အချိန်မှာပဲ သူ့ခန္ဓာကိုယ်ထဲကနေ ထွက်လာတဲ့ ထူးဆန်းတဲ့အားတစ်ခု ရှိနေတယ်လို့ ခံစားလိုက်ရတယ်။
သူ့ရဲ့ခန္ဓာကိုယ်က အရမ်းအားနည်းနေတဲ့အတွက် ပြင်ပအားတစ်ခုကို ပိုပြီးတုံ့ပြန်နေတာပဲဖြစ်မယ်။ သူကပုံမှန်ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုကိုတောင်မှ မပြုလုပ်နိုင်တော့ဘူး။
ပုံမှန်အချိန်ဖြစ်မယ်ဆိုရင် တစ်စုံတစ်ယောက်က သူ့ရဲ့ခန္ဓာကိုယ်ထဲကို အတွင်းအားတွေထည့်မှာကို ခွင့်ပြုမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒါက များပြားတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်လို့ပဲ။
တကယ်လို့လူတစ်ယောက်က သူ့ရဲ့အတွင်းအားတွေကို တစ်ခြားတစ်ယောက်ဆီ ထည့်လိုက်မယ်ဆိုရင် သူကတကယ်လို့ အဲ့လိုလုပ်ချင်တယ်ဆိုရင် တစ်ခြားလူကို အသုံးမဝင်ဖြစ်သွားအောင် အလွယ်လေးလုပ်နိုင်တယ်။
သို့သော်လည်း ကျန်းမော့ရှန်းက အဲ့ဒီအားကနေ အန္တရာယ်ရှိတဲ့ရည်ရွယ်ချက်ကို မခံစားမိဘူး။ အဲ့ဒါက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ခပ်ဆိုးဆိုးကူးလူးပြီးတော့ ပျောက်ကွယ်သွားတယ်။
သူတို့တွေမျက်နှာချင်းဆိုင် အချိန်အကြာကြီး တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးမှုအပြည့်နဲ့ ကြည့်နေကြတယ်။ နောက်ဆုံးမှာတော့ ယွီဂျင်လီက ကျန်းမော့ရှန်းပေါ်ကနေ ထလိုက်တော့ ရှောင်မုလန်က သူမရဲ့သားက စက်ဆုပ်ရွံရှာတာ ဒါမှမဟုတ် လုံးဝမနှစ်မြို့တာကို မမြင်လိုက်ရမှ စိတ်သက်သာရာရပြီးတော့ ရင်ထဲကနေ အူလှိုက်သည်းလှိုက် ပျော်ရွှင်သွားတယ်။
ယွီဂျင်လီက ကျန်းမော့ရှန်းကနေ နတ်ဆိုးစွမ်းအားကို ရှာဖွေမတွေ့ရှိသေးဘူး။ ပြီးတော့ တစ်ခြားတစ်ဖက်ကလူက သူနဲ့အတူတူပဲလားဆိုတာကိုလည်း မသေချာဘူး။
တစ်ဖက်လူရဲ့အတွင်းအားဆေးလုံးက ကျိုးသွားလို့ နတ်ဆိုးစွမ်းအားတွေမရှိတော့တာဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ယွီဂျင်လီက ကျန်းမော့ရှန်းရဲ့ အတွင်းအားဆေးလုံးကို ပြန်ပြင်ပေးချင်တယ်။ ဒါပေမဲ့ အဲ့ဖြစ်စဉ်ကတော့ပြဿနာများပဲပုံပဲ။
YOU ARE READING
TYGW's Mr.Lucky (BL) [Myanmar Translation] Book-1
ActionThis novel's not mine. I love to read this novel. So I translate for fun. Please support original author and english Translator. Title : The Young General's Wife Is Mr.Lucky Author : Demon Fox With Fiery Tail Status : 528 chapters (completed) Start...