Chapter(38):အမှန်တကယ်ကို ဆင်းရဲမွဲတေနေတာပဲ။-1

4.5K 945 11
                                    

Zawgyi

ယွီဂျင်လီကစာလုံးတွေကို တိတ်တဆိတ်ရေးချလိုက်ပြီးနောက် ပေ့ခ်ျထဲကနေထွက်လိုက်ပြီး အရာအားလုံးကိုရှာဖွေနိုင်တဲ့ စွမ်းအားကြီးရှာဖွေစက်ဖြစ်တဲ့ Baidu ထဲဝင်လိုက်တယ်။

ဟုတ်တယ်။ ဒီကမ္ဘာထဲမှာအရာအားလုံးကိုသိတဲ့ ရှာဖွေစက်တစ်ခုရှိတယ်။ အဲ့ဒါက Baidu မဟုတ်တော့ဘူး။ အဆင့်မြင့်လိုက်တာ Qiandu ဖြစ်သွားပြီ။ (Translator's note: Baidu ရဲ့ Bai က ရာ လို့အဓိပ္ပါယ်ရပြီး Qiandu ရဲ့ Qian က ထောင် လို့အဓိပ္ပါယ်ရတယ်။)

Qiandu ရဲ့ရှင်းပြမှုကိုဖတ်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကဘာလဲဆိုတာကို ယွီဂျင်လီနောက်ဆုံးမှာတော့ နားလည်သွားတယ်။ ထို့နောက် သူနာမည်ကြီးနေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဝက်ဖ်ဆိုက်တွေထဲကို ဝင်ပြီး host တွေရဲ့တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ကြည့်လိုက်တော့ တိုက်ရိုက်ထုတ်လွှင့်မှုတွေဆိုတာ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို သူတွေ့လိုက်ရတယ်။

တစ်ချိန်တည်းမှာပဲ သူတိုက်ရိုက်ထုတ်လွှင့်မှုဖြစ်စဉ်အကြောင်းကို ယေဘုယျနားလည်သွားတယ်။ ကျန်းမော့ရှန်းရဲ့ကျင့်ကြံမှုကို အနှောင့်အယှက်ဖြစ်သွားမှာ စိုးလို့သာမဟုတ်ရင်
ယွီဂျင်လီကခုန်ပေါက်ပြီး အောင်ပွဲခံနေလောက်ပြီ။

သေချာပေါက်ကိုပဲ ရွှေရောင်ပေါင်လုံးကြီးက သူ့ရဲ့ကံကောင်းစေတဲ့ကြယ်လေးပဲ။ လွန်ခဲ့တဲ့အချိန်ခဏလေးတုန်းက သူကဘယ်လိုမျိုးနာမည်ကြီးအောင်လုပ်ပြီး ယုံကြည်မှုစွမ်းအားတွေကို စုဆောင်းရမလဲဆိုတာကို
သိချင်နေတာဖြစ်တယ်။ အခုတော့ ဒီလောက်အချိန်တိုတိုလေးအတွင်းမှာဘဲ သူကနည်းလမ်းတစ်ခုကို ရှာတွေ့လိုက်တယ်။

သူကနိုင်ငံတော်ရဲ့ဟီးရိုးတစ်ယောက် ဒါမှမဟုတ် သီချင်းဆိုနိုင် ကနိုင်ပြီး သရုပ်ဆောင်နိုင်တဲ့ စတားတစ်ယောက်ဖြစ်လာဖို့ မလိုအပ်ဘူး။ သူတိုက်ရိုက်ထုတ်လွှင့်မှုလုပ်ရုံနှင့် ဖန်တွေကို စုဆောင်းနိုင်တယ်။

ဒါ့အပြင် ယွီဂျင်လီက သူ့ကိုယ်ပိုင်တိုက်ရိုက်ထုတ်လွှင့်မှုကို လုပ်ချင်တယ်။
အဲ့ဒါကအချက်အပြုတ်ပဲ!

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now