Chapter(59):ကောင်းတဲ့ koi ငါးလေး မဟုတ်ဘူး။-2

4K 743 10
                                    

Zawgyi

အလိုအလျောက်ကို ရှောင်မုလန်ရော ကျန်းမော့ရှန်းရော နှစ်ယောက်စလုံးက သူတို့ကို ဘာစိတ်ခံစားမှုမှမဖြစ်ပေါ်စေတဲ့ သူ့စကားရဲ့နောက်ဆုံးအပိုင်းကို လျစ်လျူရှုထားလိုက်ကြတယ်။ သူ့ကိုဘာက စိတ်အနှောင့်အယှက်ဖြစ်စေသလဲဆိုတာကို သိသွားကြတော့ နှစ်ယောက်သားရယ်ရမလား။ ငိုရမလား မသိတော့ဘူးဖြစ်သွားကြတယ်။

"သစ်အယ်သီးလေး သူဗိုက်မဆာပါဘူး။ နေ့တိုင်းနေ့တိုင်း သူ့အတွက်အစာယူလာပေးတဲ့လူတွေ ရှိပါတယ်။ သူ့အတွက်စိုးရိမ်မနေပါနဲ့။" ယွီဂျင်လီရဲ့ခေါင်းလေးကို ညင်သာစွာပွတ်သပ်ပေးလိုက်ရင်း ဒီကလေးရဲ့ကြင်နာသနားတတ်တဲ့ စိတ်လေးကို မြင်လိုက်ရတော့ ရှောင်မုလန်တစ်ယောက် အရမ်းပျော်ရွှင်နေမိတယ်။

"တကယ်ပဲလား?" ယွီဂျင်လီကသူ့မျက်ဝန်းထဲမှာ မျက်ရည်တွေရှိနေလျက်၊ အနည်းငယ် မျှော်လင့်စောင့်စားနေလျက်နဲ့ မေးလိုက်တယ်။

"တကယ်ပေါ့။ မင်းဒီကိုမလာခင်လေးမှာတင် ကိုယ်စားပြီးပြီ။ မဟုတ်ရင် ဘယ်သူကမင်းကိုဒီကိုခေါ်လာဖို့ လူလွှတ်လိုက်မှာလဲ?" အတွေးဆိုးတွေတွေးတတ်တဲ့ ကောင်ငယ်လေးက ခံစားချက်မကောင်းပဲရှိနေသေးမှာကို ကြောက်လန့်မိတာကြောင့် ကျန်းမော့ရှန်းက အလျင်အမြန်ပြောလိုက်ရတယ်။

ကျန်းမော့ရှန်းက ဗိုက်မဆာလောင်နေဘူးဆိုတာကို ကြားရတော့မှ ယွီဂျင်လီ​နောက်ဆုံးမှာတော့ စိတ်သက်သာရာရသွားတယ်။ ဒါပေမဲ့ သူသူ့ရဲ့ရွှေရောင်ပေါင်လုံးကြီးကို ထမင်းကျွေးဖို့ သူလုံးဝမမေ့တော့ဘူးလို့ စိတ်ဆုံးဖြတ်လိုက်တယ်။ တကယ်လို့ ရွှေရောင်ပေါင်လုံးကြီးရဲ့ သူ့အပေါ်အမြင်က ဆိုးရွားတဲ့ဘက်ကို ပြောင်းသွားမယ်ဆိုရင် အဲ့ဒါက ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်သွားလိမ့်မယ်။

ယွီဂျင်လီနဲ့ကျန်းမော့ရှန်းတို့ နှစ်ယောက်တည်းအတူတူရှိနေချိန်မှာ အတော်လေး ကောင်းမွန်နေတယ်ဆိုတာကို ရှောင်မုလန်မြင်လိုက်တော့မှ အခုလောလောဆယ်အတွက် စိတ်သက်သာရာရသွားမိတယ်။ သူမထွက်သွားတော့မဲ့အချိန်မှာ ရှောင်မုလန်ကသူမရဲ့သားကို သစ်အယ်သီးလေးကို အနိုင်ကျင့်ဖို့အတွက် သူ့ကိုခွင့်မပြုဘူးဆိုတာကို သူမမျက်လုံးတွေနဲ့ထပ်ပြီး သတိပေးထားခဲ့တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now