Chapter(29):ကျင့်ကြံရေးနည်းလမ်းအသစ်

4.7K 985 10
                                    

Zawgyi

"Haha အမေနှင့်အဖေကြိုက်ရင် နောက်ကျရင် ကျွန်တော်မကြာခဏလုပ်ကျွေးမယ်လေ။" ယွီဂျင်လီက နောက်ဆုံးမှာတော့ စိတ်သက်သာရာရသွားတဲ့ သက်ပြင်းတစ်ခုကိုရှုထုတ်ပြီးတော့ စတင်စားတော့တယ်။

အရင်ဘဝကထက်ပိုပြီး အရသာကဆိုးရွားနေပေမယ့်လည်း ယွီဂျင်လီရဲ့ဟင်းပွဲက အလွန်အမင်းကို စိတ်ကျေနပ်စရာကောင်းနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူကဒီရက်တွေမှာ ပြုတ်ထားတဲ့အသားကို မစားရလို့ပဲ့ဖြစ်တယ်။

အနည်းငယ်ပိုကြီးတဲ့အဖြူရောင်ဘောလုံးလေးနှစ်လုံးက ရှောင်မုလန်နှင့်ကျန်းဇန်ထောင်ကိုယ်ထဲကနေ ထွက်လာပြီးနောက်တော့ ဒယိမ်းဒယိုင်နှင့် ယွီဂျင်လီကိုယ်ထဲကို ဝင်သွားကြတယ်။

လူသုံးယောက်က မျက်နှာချင်းဆိုင်ထိုင်နေကြတာဆိုတော့ ယွီဂျင်လီကဒီတစ်ကြိမ်မှာ ဒါကိုသေသေချာချာမြင်သွားတယ်။ သူမတတ်နိုင်ပဲ့
စိုက်ကြည့်မိပြီးတော့ အံ့အားသင့်တဲ့အမူအရာကို
ပြမိတယ်။

"ဘာဖြစ်လို့လဲ? သစ်အယ်သီးလေး" ဒါကိုမြင်တော့ ရှောင်မုလန်က စိုးရိမ်တကြီးနှင့်မေးလိုက်တယ်။

"ကျွန်တော်အဆင်ပြေပါတယ်။ နင်သွားလို့ပါ။ အခုအဆင်ပြေသွားပြီ။" တစ်ခြားလူတွေကို မစိုးရိမ်စေချင်လို့ ယွီဂျင်လီကပြောဖို့အကြောင်းပြချက်တစ်ခု အလျင်အမြန်ရှာလိုက်ရတယ်။ ဒါပေမယ့် သူ့ရဲ့အံ့အားသင့်မှုနှင့်ရှော့ခ်ရမှုကိုတော့ သူလုံးဝမထိန်းနိုင်ဘူး။

စိတ်စွမ်းအင်စွမ်းအားတွေ စုဆောင်းမိခြင်းနှင့် အရင်ဘဝကထူးချွန်မှုတွေကို ပြန်လည်ရရှိဖို့အတွက် ဒီကမ္ဘာရဲ့စွမ်းအင်ပေါ်မှာသာ မှီခိုအားထားရလိမ့်မယ်လို့ သူထင်ခဲ့တယ်။ နောက်ဆုံးမှာတော့ ဒီကမ္ဘာမှာစိတ်စွမ်းအင်မရှိဘူး။ ပြီးတော့ တရားထိုင်ပြီးတော့လည်း ပြန်လည်မရယူနိုင်ခဲ့ဘူး။

ဒါပေမယ့်အခုလေးတင်ပဲ့ စိတ်စွမ်းအင်စွမ်းအားကို
တိုးမြှင့်ဖို့တစ်ခြားနည်းလမ်းတစ်ခုကို သူတွေ့လိုက်ရတယ်။ ပြီးတော့ ဒါကစိတ်စွမ်းအင်ကို ဖြည့်တင်းနေရတာထက် ပိုမြန်ပြီးပိုထိရောက်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now