Chapter(51):အတင်းအကျပ် ခွဲထုတ်ခြင်း

4.2K 921 13
                                    

Zawgyi

"အဲ့ဒါဆိုရင် ရှောင်လီက အမေ့ကိုစောင့်နေနော်။ အမေအဝတ်အစားပြောင်းပြီးရင် အပြင်ထွက်ကြမယ်။" ရှောင်မုလန်ကချက်ချင်း သူမရဲ့အဝတ်အစားတွေကို အမြန်ဆုံးနှုန်းနဲ့ ပြောင်းဝတ်လိုက်ပြီးနောက် ချစ်စရာကောင်းတဲ့ယွီဂျင်လီလေးနဲ့ အပြင်ကိုထွက်ခွာတော့တယ်။

အစပထမမှာတုန်းကတော့ သူမကဒီအတိုင်း သူမသားကို​ ရှောင်လီနဲ့​တွေ့ဆုံတာကနေ အချိန်ခဏလောက် တားထားချင်တာ ဖြစ်ပေမဲ့လည်း ကြော်ငြာလမ်းကြားလေးထဲကို သူမရောက်ပြီး မျက်စိကျိန်းစပ်လောက်အောင် ဝင်းလက်တောက်ပနေတဲ့ လူသုံးကုန်ပစ္စည်းတွေကို မြင်လိုက်ရတဲ့အချိန်မှာ ရှောင်မုလန်ရဲ့ "ဝယ်ပြီးရင်းဝယ်" ဆိုတဲ့ ပုံမှန်အမေတွေဖြစ်နေကျစိတ်ထားမျိုးက​ ပေါ်လာတော့တယ်။ အထူးသဖြင့် အဝတ်အစားတွေပေါ့။ သူမကလှပပြီး ချစ်စရာကောင်းတဲ့ အထည်တွေအားလုံးနီးပါးကို ယွီဂျင်လီကို စမ်းဝတ်ခိုင်းကြည့်ချင်နေတယ်။

ယွီဂျင်လီရဲ့ဘဝက ဒီအတောအတွင်းမှာ အရမ်းကောင်းမွန်နေပြီးတော့ သူ့ရဲ့အာဟာရဓာတ်အခြေအနေကိုလည်း သူ့အမေက ထိန်းသိမ်းထားပေးခဲ့တာဖြစ်တယ်။ ခံနိုင်ရည်ရှိပြီး စိတ်စွမ်းအင်ပြည့်ဝလာတဲ့ ခန္ဓာကိုယ်နဲ့အတူ သူ့ရဲ့အသားအရေကလည်း ပိုပြီးဖြူဖွေးလာပြီးတော့ သူ့ရဲ့ရုပ်ရည်သွင်ပြင်ကလည်း ပိုပြီးအညစ်အကြေးကင်းစင်လာတယ်။ ဒီအဝတ်အစားတွေက သူနဲ့ကွက်တိဖြစ်နေပြီးတော့ သူဘာကိုပဲဝတ်ဝတ် ကြည့်ကောင်းနေတယ်။

အဲ့ဒါကြောင့် ရှောင်မုလန်ကလည်း သူမရဲ့လက်ကို
ဝှေ့ယမ်းလိုက်ပြီး ဝယ်တယ်။ ဝယ်တယ်။ ဝယ်တယ်။ အကုန်လုံးကို ဝယ်လိုက်တော့တယ်။

ရှောင်မုလန်က ရှော့ပင်းမောလ်ထဲက အရပ်လေးမျက်နှာစလုံးကိုလည်ပတ်ဖို့ ယွီဂျင်လီကိုခေါ်သွားတဲ့အချိန်မှာ ဒုတိယအထပ်မှာ လှဲလျောင်းနေတဲ့ ကျန်းမော့ရှန်းက​တော့  ကောင်ငယ်လေးရောက်လာမှာကို မျှော်လင့်စောင့်စားလျက်ရှိနေတယ်။

မုန်တိုင်းထန်တဲ့ညတစ်ညကို ဖြတ်သန်းပြီးတဲ့နောက်မှာ သူ့ရဲ့စိတ်အခြေအနေက တည်ငြိမ်လာပါပြီ။ ဒါပေမဲ့ ကောင်ငယ်လေးက သူ့ကိုကြိုက်နေတယ်လို့ သူတွေးလိုက်မိတဲ့အချိန်မှာဆိုရင်  ပျားရည်ကိုသောက်လိုက်ရသလိုမျိုး ချိုမြိန်သွားပြီး ကောင်ငယ်လေးကိုတွေ့ဖို့ကို သူမစောင့်နိုင်တော့ဘူး။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now