အပိုင်း(၃)

178 18 0
                                    

ဓနောင်းပြည်နှင့် သုဓန္ဒတို့နယ်သည်အလွန်ကိုအလှမ်းဝေးကာ သွားရသောခရီးကရှည်လျားကြမ်းတမ်း၏။

တောလမ်းခရီးဖြစ်၍ သစ်ပင်ချုံနွယ်များထူပျောပြီး တောတွင်းတိရိစ္ဆာန်လေးများမကြာခဏဆိုသလိုတွေ့ရတတ်သည်။ တောကောင်ကြီးများဟိန်းဟောက်သံကြားရတတ်သော်ငြား အဝေးကသာဖြစ်ပြီးအန္တရာယ်မရှိချေ။သားရဲတို့နှင့်ကြုံလည်း
သုဓန္ဒတို့ကမမှုပါချေ။ဘဘုန်းလက်အောက်ပညာသင်ခဲ့ရသော လုလင်များဖြစ်သည့်အပြင် ဓားရေးလှံရေးတစ်ဖက်ကမ်းခတ်တတ်မြောက်ပြီး သတ္တိအရာ၌လည်းမခေကြပါ။

နန်းမြို့သွားမည်ဟုသာကြွေးကြော်ခဲ့သော်လည်း တစ်ခါမျှမရောက်ဖူးသော
ကြောင့် သူကြီးနှင့်ဘဘုန်းတို့၏လမ်းညွှန်အားကိုးနှင့်သာလာရာ၍ စမ်းတဝါးဝါးဖြစ်နေသည်။

"နောင်ကြီးဓန္ဒ...ခေတ္တနားရအောင်လား၊မြင်းတွေလည်းပန်းလှပြီ"

ကုလကဆိုသဖြင့် သုဓန္ဒလည်းသဘောတူကာခေတ္တနားရန်ပြုသည်။

"ကောင်းပြီလေ ကုလ ရှေ့စမ်းချောင်း..."

သုဓန္ဒစကားပင်ပြီးအောင်မဆိုရသေး...

"နောင်ကြီးမှားနေပြီ...သူကကုသ၊ကျွန်တော်ကမှကုလ"

ဘေးမှကုသကထအော်သဖြင့် သုဓန္ဒကြောင်သွားသည်။မြင်နေကျမို့ခွဲတတ်သော်လည်း တစ်ခါတလေအကြောင်ရိုက်လျှင်အမွှာဆိုတော့ ငါများမှားသလားဆိုပြီးယောင်ချာချာဖြစ်ရသည်။

"ဟ...မင်းနှယ့်မဟုတ်ကဟုတ်က...နောင်ကြီးသူလျှောက်နောက်နေတာ ကျွန်တော်ကကုလ၊သူကမှကုသ"

"မဟုတ်ဘူး သူလိမ်နေတာ၊ကျွန်တော်ကမှကုလအစစ်"

"ဟေ့ကောင်...ကုသ၊ဒီအချိန်ကနောက်ရမယ့်အချိန်မဟုတ်ဘူး၊နောင်ကြီး ကျွန်တော်ကသာ ကုလပါ"

သုဓန္ဒ ကုသကုလညီနောင်ကိုကြည့်ပြီးခရီးပန်းရသည့်ကြားမှစိတ်တိုလာသလို ရယ်လည်းရယ်ချင်မိသည်။သို့သော်လည်း အကြီးပီပီ ဟန့်ရမည်မို့

"အချိန်မဖြုန်းနဲ့ ဖင်ချွတ်ခံချင်နေလား"

သုဓန္ဒ၏ခပ်ပြတ်ပြတ်အသံကြောင့် ငြင်းနေကြသောအမွှာနှစ်ယောက်ရပ်တန့်သွား၏။

ပြည့် ရတနာ(ျပည့္ ရတနာ)Where stories live. Discover now