"အမောင်တို့အဆင်သင့်ဖြစ်ပလား"
မျက်မှန်းတန်းမိနေသော တောင်ပိုင်ရှင်၏နောက်လိုက်အမှုထမ်းက စံအိမ်ထဲတွင်စောင့်နေသော သုဓန္ဒတို့ကိုမေးသည်။
"ဖြစ်ပြီအဆွေ"
သစ်လွင်တောက်ပသည်မဟုတ်သော်လည်း ခါတိုင်းရက်များထပ်သပ်သပ်ရပ်ရပ် အသွင်အပြင်နှင့် လူငယ်သုံးယောက်ပုံမှာ တက်ကြွလန်းဆန်းကာငယ်ဂုဏ်နှင့်ကြည့်ကောင်းလှသည်။
"ကျုပ်နောက်ကလိုက်ခဲ့ကြပါ"
အမှုထမ်းကရှေ့မှဦးဆောင်ပြီး သုဓန္ဒတို့ကိုခေါ်ငင်ကာသွားသည်။နန်းတွင်းသို့ဝင်ရာရှေ့ တံခါးပေါက်ဝမှမဝင်။ဘေးပေါက်ကသာတိတ်တဆိတ်ဝင်သည်။မရောက်ဖူးသော နန်းတော်ထဲရောက်သောကြောင့် ခံစားချက်ကရှိန်းတိန်းဖိန်းတိန်းဖြစ်သော်လည်း ကြောက်ရွံ့သိမ်ငယ်ခြင်းတော့မရှိ။ အစောင့်များသည်လည်း အရုပ်များအလား မာကြောခက်ထန်လျက်။
နန်းပြင်မြို့တော်များရှိ အိမ်ကြီးရခိုင်တို့ကို သာလွန်ကောင်းလှပြီထင်နေပါသော်လည်း နန်းတွင်းအဆောက်အဦးများတွေ့မှ မိုးနှင့်မြေ
ပမာ အလှကွာခြားလှပုံကိုတွေ့ရလေသည်။နန်းတွင်းရှိအရာအားလုံးသည် လှသည်။သစ်ပင်ပန်းမာန်များ၊ထည်ဝါတောက်ပသောရွှေပိန်းချ
အနုစိတ်ဗိသုကာလက်ရာမြောက်အဆောက်အအုံများ ၊ပုံစံအမျိုးမျိုးကိုဖော်ထားသော ကျောက်ခင်းလမ်းများမှသည် အို...ကုန်ကုန်ပြောရရင်ဖြင့် နန်းတွင်းအပျိုတော်ကလေးများအထိ လှပကျော့ရှင်းအလွန်နှစ်လိုဖွယ်ကောင်းပေတည့်။တစ်နေရာအရောက်တွင် ရဲမက်နှစ်ဦးနှင့်အတူ ရင်းနှီးနေသောအရပ်မြင့်မြင့်ဒေါင်ကောင်းကောင်းနှင့်တောင့်တောင့်တင်းတင်းနောက်ကျောပေးထားသည့်အမျိုးသားတစ်ယောက်ရပ်နေသည်။
"ခေါ်ဆောင်လာပါပြီ ကိုယ်ရံတော်မှူး"
အမှုထမ်း၏ အသိပေးစကားကြောင့် ကိုယ်ရံတော်ဝရလှည့်ကြည့်လိုက်သည်။
အပြင်အဝတ်အစားအသွင်အပြင်နှင့်သာတွေ့ခဲ့ရသော ဝရကို ဤကဲ့သို့ကြည့်ကောင်းလှ
သည့် နန်းတွင်းကိုယ်ရံတော်အဝတ်အစားနှင့် ခန့်ခန့်ညားညားတွေ့လိုက်ရသဖြင့် သုဓန္ဒတို့အမြင်တွင် တစ်မျိုးကြည့်ကောင်းနေသည်ကိုတော့ဝန်ခံရပါလိမ့်မည်။
ESTÁS LEYENDO
ပြည့် ရတနာ(ျပည့္ ရတနာ)