တောင်ပိုင်ရှင်သည် သူငယ်သုံးဦးနှင့်စကားစပ်မိရာမှာ ခေါင်သူငယ်ကသုဓန္ဒ၊ကျန်အမွှာနှစ်ဦးမှာ ကုသနှင့်ကုလအသီးသီးဖြစ်ကြောင်းသိရပြီး ထိမချိုင့်ဟူသည်မြို့တော်နှင့်အလှမ်းဝေးသောဒေသမှလာခြင်းဖြစ်ကြောင်းပါသိရသည်။ထိမချိုင့်သည် မိမိ၏ယောက်ဖတော်စပ်သူထိပ်ပျံချီ အပိုင်စားရထားသောနယ်များထဲမှတစ်နေရာဖြစ်ကြောင်း တောင်ပိုင်ရှင်သတိရမိသည်။
မိမိနှင့်ကိုယ်ရံတော်ကိုတော့ လောလောဆယ် ဆန္ဒနှင့်မောင်ညိုဟူသည့် နာမည်ဝှက်ကိုသာသိထားစေပြီး သူကြွယ်တစ်ဦးအိမ်မှလူရင်းအစေခံနှစ်ယောက်ဖြစ်ပြီး သခင်ကြီးအမိန့်
ဖြင့်
အသိင်္ခယာဘုရားသို့လှူဖွယ်ပစ္စည်းအချို့နှင့်လုပ်အားကုသိုလ်ယူပြီးအပြန် တောပုန်းဓားပြတို့နှင့်ဆုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။"ကိုရင်တို့ကမြို့တော်မှာဘယ်နှရက်နေမှာလဲ"
မောင်ဆန္ဒခေါ်တောင်ပိုင်ရှင်၏အမေးကို
သုဓန္ဒကတွေးတွေးစစဟန်နှင့်
"ကိစ္စလေးတွေပြီးတဲ့အထိ"ဟုသာဆိုလေသည်။သုဓန္ဒတို့သုံးဦးသားသည် မြို့တော်သို့ရောက်သောအခါ မြင်မြင်သမျှအသစ်အဆန်းတွေချည်းဖြစ်သောကြောင့် အံ့သြမင်သက်စွာ
ြကြည့်နေမိသည်။ညအချိန်ဖြစ်လင့်ကစား လူများလှုပ်ရှားနေပြီး အသက်ဝင်နေသည်။
လူများ၏ အဝတ်အစားများသည်လည်းတမျိုးတဖုံထူးဆန်းနေသည်။ညအချိန်ဖြစ်၍
ထင့် အမျိုးသမီးများကိုသိပ်မတွေ့ရဘဲ အမျိုးသားများကိုသာတွေ့ရသည်။အဆောက်အအုံများမှာလည်း သစ်ဆန်းနေပြီး လမ်းတလျှောက်စားသောက်ဆိုင်များဖြင့်ပြည့်နေသည်။တချို့ဆိုင်များတွင် ယောက်ျားသားအချို့က သေရည်ကိုအုပ်စုဖွဲ့သောက်နေကြသည်။မွှေးပျံသောအစားအသောက်အနံ့ရ၍ နှစ်ရက်နှင့်နေ့တစ်ဝက်ခရီးနှင်ခဲ့ရသော ဗိုက်မပြည့်တပြည့်နှင့်သာကျေနပ်ခဲ့ရသည့်သုံးယောက်သား၏ ဝမ်းမှာတကျုတ်ကျုတ်နှင့်အသံမြည်လာခဲ့သည်။
သုဓန္ဒသည်အစပိုင်း မြို့တော်၏အလှအပ
အသွင်သဏ္ဌာန်ပတ်ဝန်းကျင်ကြောင့်မင်သက်သွားသယောင်ရှိသော်လည်း မိမိတို့နေရပ်တွင်ပြည်သူများ၏ အနေအထားကမိုးနှင့်မြေလိုကွာကာ အနေအစားဆင်းရဲမှုကိုတွေးမိသောအခါရုတ်ချည်းမျက်မှောင်ကုတ်မိသည်။
ESTÁS LEYENDO
ပြည့် ရတနာ(ျပည့္ ရတနာ)