အပိုင်း(၁၅)

78 10 3
                                    

နန်းတွင်းအကျဥ်းထောင်စောင့် ရဲမက်များက ထိပ်ပျံချီကိုတွေ့သော် အရိုအသေပေးပြီး ဘူးဝတံခါးကိုဖွင့်ပေးသည်။
ညအမှောင်တွင် အကျဥ်းထောင်ဝန်းတစ်ခုလုံးတွင် မီးတိုင်များထွန်းထားသောကြောင့် ကောင်းစွာမြင်ရသည်။

"အမတ်ကြီး ကျွန်တော်မျိုးလမ်းပြပေးပါ့မယ်"

အကျဥ်းထောင်စောင့်အရာရှိရဲမက်တစ်ဦးက
ပျံချီကို လမ်းပြပေးရန်ပြောပြီးခေါ်ဆောင်သွားသည်။
ဦးတည်ရာက အဏ္ဏဝါအဖွဲ့သားများဖမ်းချုပ်ထားရာ မြေအောက်အကျဥ်းတိုက်ဆီသို့။
သာမန်ရာဇဝတ်သားများဖမ်းချုပ်ထားရာ
အကျဥ်းခန်းများကိုကျော်ဖြတ်ကာ မတ်စောက်သောလှေကားများအတိုင်းဆင်းပြီး အရေးကြီးရာဇဝတ်သားများကို ထားသောမြေအောက်တိုက်ခန်းများသို့ချဥ်းနင်းလာသည်။မြေအောက်ရောက်လေလေ မြေကြီး၏အစိုဓာတ်စိမ်းရွှင်ရွှင်အနံ့၊မှိုနံ့များနှင့်အတူ မသန့်ရှင်းမလတ်ဆက်သောလေထုကကြီးစိုးလာသည်။

မြေတိုက်ခန်းဝတွင်စောင့်သောရဲမက်များက တံခါးမကြီးကိုအသင့်ဖွင့်ပေးလိုက်သည်။

မီးရောင်ကလည်းမှုန်ပျပျ၊
နေရောင်မမြင်ရမတွေ့ရနှင့် မသန့်ရှင်းသောလေထုကိုသာရှုရင်း အသက်ဆက်ရမည့်မြေတိုက်အကျဥ်းခန်းသည် အကျဥ်းကျသူတိုင်းဝင်ရမှာကြောက်ရွံလှသည်။

စိုစိစိမြေပြင်အနေအထားကြောင့် ရှည်လျားသောဝတ်ရုံစကိုအသာမရင်း နှာခေါင်းရှုံ့မိသည်။မင်းလမ်းအတိုင်းလျှောက်လာရင်း တစ်ဖက်တစ်ချက်အဆောင်ခန်းများတွင် ဖမ်းခံထားရ‌သောအဏ္ဏဝါအဖွဲ့သားများ ကိုလျစ်လျူရှူလိုက်သည်။
နိမ့်ကျသောမြေတိုက်ခန်းကို ဂုဏ်သရေရှိအမတ်ကြီးကိုယ်တိုင်လာတော့ ကွက်ကြည့်ကွက်ကြည့်နှင့်ရှိသော်လည်း ပျံချီကစိုးစင်းမျှမကြည့်ဘဲမင်းလမ်းအဆုံးရှိ အလုံပိတ်ထားသောအခန်းရှေ့တွင်ရပ်လိုက်သည်နှင့်အတူပါလာရဲမက်က အခန်းသော့ကိုဖွင့်ပေးသည်။

"မောင်မင်း ဒီကစောင့်နေပါ"

"ဒါပေမဲ့အမတ်..."

ဓားပြဗိုလ်ကိုဖမ်းချုပ်ထားသည့် အလုံပိတ်အကျဥ်းခန်းထဲသို့ ပျံချီလိုအမတ်ကြီးကတစ်ယောက်တည်းဝင်မယ်ဆို၍ ရဲမက်မှာစိုးထိတ်သွားသည်။

ပြည့် ရတနာ(ျပည့္ ရတနာ)Où les histoires vivent. Découvrez maintenant