အပိုင်း(၁၂)

79 9 4
                                        

"မိဖုရားကြီးကို အရိုအသေပေးပါတယ်"

"အစဥ်အလာတွေကိုနောက်ထားပြီး နွဲ့နဲ့ပွင့်
ပွင့်လင်းလင်းစကားဆိုရအောင် မောင်ကြီး"

ထိပ်ပျံချီသည် စောနွဲ့ထယ်စကားအတိုင်း အရိုအသေပေးရာမှရပ်တန့်ကာ မိဖုရားနံဘေး ကုလားထိုင်တွင်ဝင်ထိုင်သည်။

"မောင်ကြီး စနက်လား"

နွဲ့ထယ်သည် ပျံချီ့မျက်နှာကိုစေ့စေ့ကြည့်ကာမေးသည်။

"ဘာကိုလဲ မိဖုရား"

"မသိချင်ယောင်ဆောင်မနေပါနဲ့...မောင်တော်ဘုရားဓားပြတိုက်ခံရတာ မောင်ကြီးလက်ချက်လားမေးတာ"

"ဘဇာကြောင့်ထင်ရတာလဲ"

"မောင်ဘုရားကို တစေအန္တရာယ်ပြုချင်တာ မောင်ကြီးအပြင်မရှိလို့ပ"

နွဲ့ထယ်စကားဆုံးသည်နှင့် ပျံချီသည် ရယ်ရွှင်စရာဟာသတစ်ပုဒ်ကြားရသကဲ့သို့ အူမြူးစွာရယ်လေသည်။

"ဒီမယ်ကျုပ်နှမငယ်...မိဖုရားဖြစ်လို့ နန်းတွင်းမှာနေလာသည့်တိုင် မောင်ကြီးရဲ့အစွမ်းအစကိုအခုထိမသိသေးတာလား...သို့တည်းမဟုတ် မောင်ကြီးကိုသိပ်များအထင်သေးနေရော့လားကွဲ့"

ထိပ်ပျံချီသည်ပြောနေရင်းမှသည် အသံကိုနှိမ့်ချကာ မိဖုရားနားကပ်ပြီး

"ကျွန်တော်မျိုးသာ တကယ်ဆန္ဒရှိရင် ပမွှားဓားပြအုပ်စုနဲ့လုပ်နေစရာမလိုဘူး မိဖုရားကြီး"

ထိပ်ပျံချီ၏ တိုးသောလေသံစကားအကြား
နွဲ့ထယ်မျက်နှာသည်သွေးစုပ်ဖြူဖျော့ကာ
လက်သီးဆုပ်လိုက်မိသည်။ထိပ်ပျံချီကို စူးရဲစွာကြည့်လိုက်သော်လည်း ပျံချီမှာ မထီမဲ့မြင်မျက်နှာထားနှင့် ခပ်ပြုံးပြုံးသာကြည့်နေလေသည်။

"မောင်ဘုရားကို ထိဖို့လက်ဖျားနဲ့တောင်မရွယ်ပါနဲ့ မောင်ကြီး...မောင်တော်ဘုရားကို
ဆံခြည်တစ်မျှင်စာမျှထိခိုက်စေရင်တောင် နွဲ့ကမောင်ကြီးကိုလုံးဝခွင့်မလွှတ်နိုင်ဘူး"

"စိတ်လျော့ပါ မိဖုရား...အပြင်ကတစ်ပါးသူကြားရင် ကျွန်တော်မျိုးကိုမကောင်းသောအမှုကြံစည်နေတယ်ထင်ပါဦးမယ်"

ပြည့် ရတနာ(ျပည့္ ရတနာ)Where stories live. Discover now