အပိုင်း(၆)

150 16 9
                                        

မှိုနံ့ကဲ့သို့စိမ်းရွှေရွှေစိုထိုင်းထိုင်းအနံ့ဟာ အသက်ရှူလေတိုင်း မနှစ်မြိုစွာပါလာသည်။
အနေအထိုင်သက်သာရန်ခင်းပေးထားသော
ကောက်ရိုးခင်းများသည်လည်း မြေပြင်အစိုပျံမှုကြောင့် စိုတစ်နေရာခြောက်နေရာနှင့် စိတ်ညစ်ညူးစရာ။နံရံမှ အလင်းရောင်ဝင်စေရန်ဖောက်လုပ်ထားသည် ခေါင်းတစ်လုံးစာအပေါက်ကလေးမှ မဆို့မပို့နေအလင်းရောင်ကဝင်နေသော်လည်း ထင်သလောက်မလင်းပါ။လှောင်ချိုင့်သဖွယ် ပိုင်းကာထားသောသစ်သားတိုင်များ၏တစ်ဖက်နံရံတွင်ထွန်းထားသော ကညင်ဆီမီးလေးများကြောင့်သာမဟုတ်ပါက ဤအကျဥ်းချရာနေရာသည်လွန်စွာမှောင်ပိတ်နေပေမည်။

ကုသနှင့်ကုသသည် အကျဥ်းကျနေစဥ်အတွင်း အလွန်ပျင်းရိစိတ်ပျက်လွန်းလှ၍ တစ်ယောက်ကိုတစ်ယောက်မှီနွဲ့ကာ အိပ်ပျော်နေကြသည်။သုဓန္ဒသည်ကား မှောင်ရိပ်ကျကျထောင့်တွင်ထိုင်ကာ တစ်ဖက်နံရံအပေါက်ငယ်မှဖြတ်သန်းလာသော နေရောင်ထဲရှိသေးနုတ်ငယ်လှစွာသောအမှုန်အမွှားလေးများကိုကြည့်နေသည်။
သုဓန္ဒကြိုတွေးထားပါသည်။မင်းတရားကြီးကိုလွယ်လွယ်ကူကူတွေ့လို့မရမယ်မှန်း။သို့ပင်ကစား အခြေအနေပေးသလောက်တော့နောက်မဆုတ်ပဲကြိုးစားချင်သေးသည်။
မဖြစ်မနေအချိန်မှသာ ခုံရုံးသို့ဦးတိုက်လျှောက်မည်စဥ်းစားထားသော်လည်း အရာမဝင်မှာကြောက်သည်။စင်စစ် သူတို့တိုင်တန်းမည့်သူမှာ တိုင်းပြည်၏အဆင့်မြင့်ဆုံးအမတ်များထဲက ဘုရင့်ယောက်ဖတော်စပ်သူထိပ်ပျံချီဖြစ်နေတော့ အရာမရောက်မှာစိုးသဖြင့် ဘုရင့်နားဝသို့သာတိုက်ရိုက်တိုင်ကြားချင်ရခြင်းဖြစ်သည်။

"ဟေး ရွှတ်..ဟေ့"

ပါးစပ်မှ တကျွတ်ကျွတ်တရွှတ်ရွှတ်နှင့် မိမိကိုခေါ်နေသောကြောင့် အသံလာရာလှည့်ကြည့်တော့ ဘေးဘက်အကျဥ်းခန်းမှလူတစ်ယောက်။မနက်ကတွေ့ဖြစ်သော်လည်း ထိုသူမှာအိပ်ချည်းအိပ်နေတာကြောင့်ရော ကိုယ့်အရေးမဟုတ်သောကြောင့်ပါ မသိလိုက်မသိဘာသာနေသော်လည်း ယခုတော့တည့်တည့်မတ်မတ်လာခေါ်နေသောကြောင့် သုဓန္ဒလှည့်ကြည့်လိုက်သည်။

အခုမှသေချာအကဲခတ်ကြည့်ဖြစ်တော့ ထိုသူသည်ဆံပင်မရှိသော ကတုံးပြောင်ပြောင်လူတစ်ယောက်မှန်းသတိထားမိတော့သည်။အပေါ်အင်္ကျီကားမရှိ၊အောက်ပိုင်းတွင်ကား
အဖာအစပ်များဖောဖောသီသီနှင့် အရောင်
လွှင့်နေသော ဘောင်းဘီကိုဝတ်ဆင်ထားသည်။
ထို့ထက်ထူးခြားသည်ကာ ခြေထောက်တွင်ထိပ်တုံးပါခတ်ခံထားရသည့်အဖြစ်။အသက်ကတော့၃၀လောက်ရှိမည်။

ပြည့် ရတနာ(ျပည့္ ရတနာ)Where stories live. Discover now