အပိုင်း(၉)

123 14 3
                                    

"ကျုပ်ကိုတော့ တောင်ပိုင်ရှင်လို့အများကခေါ်သကွဲ့ ၊ဘွဲ့ကတော့ သီဝဓမ္မရာဇာလို့တွင်သတဲ့...ကျေနပ်ပလား"

တောင်ပိုင်ရှင်က အေးအေးဆေးဆေးနှင့်ပြောပြီး ထိုင်ခုံမှထကာ အခန်းနံရံတွင်အလှဆင်ရန်ချိတ်ထားသည့် ဓားကိုပွတ်သပ်ကိုင်တွယ်ကြည့်ရှုနေသည်။

သုဓန္ဒတို့သုံးယောက်ထံမှ အပ်ကျသံပင်ကြားရလောက်သည့်အထိ တိတ်ဆိတ်ကာနေတော့သည်။တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း မောင်ဆန္ဒအပေါ်ယုံရနိုးနိုး မယုံရနိုးနိုးဖြစ်နေသည်။

"ဒီမယ်...ရေမြေ့သခင်ရွှေနန်းရှင်ရဲ့ အမည်နာမက ပေါ့ပေါ့တန်တန်ကစားစရာလိုမဟုတ်ဘူးဆိုတာသိကဲ့လား"

နောက်ကျောဘက်မှ သုဓန္ဒ၏စကားသံက စူးစူးရှရှထွက်ပေါ်လာသည်။ထိုစကားသံတွင်
တောင်ပိုင်ရှင်သာ ပလီပလာလီဆယ်ပြောခြင်းဖြစ်ပါက မရှုမလှဖြစ်မည့်ခြိမ်းခြောက်သံပါပါသည်။တောင်ပိုင်ရှင်လည်း တစ်ချက်ပြုံးလိုက်ပြီး လက်ထဲရှိဓားကို ဓားအိမ်ထဲမှဖြေးဖြေးချင်းဆွဲထုတ်ကာ သုဓန္ဒတို့ဘက်သို့လှည့်လိုက်သည်။

"ပေါ့ပေါ့တန်တန်ကစားစရာသာမဟုတ်ရင် ဘယ်သာမန်ပြည်သူကများ အတင့်ရဲပြီး ကိုယ့်ကိုကိုယ် ဘုရင့်ဘွဲ့တော်နဲ့တွင်ရက်မှာလဲ"

မင်းတရားကြီးက ဓားကိုအသာပင့်ဝေ့ယမ်းကာ သုဓန္ဒလည်ပင်းနားသို့ ဓားဦးနှင့်ဖြည်းညင်းစွာထိကပ်လိုက်သည်။သုဓန္ဒလက်သီးတင်းတင်းဆုပ်ပြီး လည်ပင်းကိုမော့မိသည်။ပြန်ခုခံရင်ရပါသော်လည်း မိမိကိုယ်ကိုဘုရင်ဟုပြောနေသူကို သွားခုခံလျှင်လည်း
အဆင်မပြေသော်ကြောင့်ငြိမ်နေလိုက်ရသည်။

"မယုံပြန်သေးဘူးလား"

သုဓန္ဒသည်မည်သို့မျှပြန်မဖြေဘဲ တောင်ပိုင်ရှင်ရဲ့မျက်နှာကိုသာ မမှိတ်မသုန်ကြည့်နေသည်။

"တယ်လည်းသံသယကြီးကြတဲ့သူတွေပဲကွယ်"

တောင်ပိုင်ရှင်က ဓားကိုပြန်ရုတ်ပြီးဓားအိမ်ထဲထည့်လိုက်သည်။ထို့နောက် ဝတ်စုံအတွင်းထဲတွင် ပစ္စည်းတစ်စုံတစ်ခုကိုနှိုက်ယူကာ
ထုတ်လိုက်သည်။
ဆံထိုးတစ်ချောင်း သို့သော်ဆံထိုးတစ်ချောင်းထပ်ပိုသော အရှိန်အဝါအခိုးအငွေ့များကိန်းနေသည့်အလား။
နဂါးခေါင်းနှင့်ဆံထိုးတစ်ခုလုံးသည် ရွှေအနှစ်များဖြင့်ပြုလုပ်ထားပြီး နဂါးကိုယ်ကြေးအကွက်များကို စိမ်းဖန့်ကြည်တောက်သောကျောက်စိမ်းတုံးလေးများမြှုပ်ထားပြီး
နဂါးမျက်စံတွင် တရိုးရိုးတရဲရဲနှင့် နီဆွေးတောက်ပြောင်နေသည့် ပတ္တမြားငယ်နှစ်လုံးကိုမြှုပ်ထားသည်။ကြည့်မိသူတိုင်း အကြည့်မလွှဲနိုင်အောင်ဆွဲဆောင်နိုင်သည်။အဖိုးအခဆိုတာ ဖြတ်လို့ပင်မရအောင် တန်ဖိုးကြီးမည်မှန်းအမြင်နှင့်ပင်သိနိုင်သည်။

ပြည့် ရတနာ(ျပည့္ ရတနာ)Donde viven las historias. Descúbrelo ahora