ခေတ်သစ်တစ်ခု၏ နိဒါန်းကိုလှစ်ဟခြင်း
ဒူ..ဒူ..ဒူ...
သိမ်ညက်ကျယ်ပြန့်သော မောင်းသံသည် လေလှိုင်းအထပ်ထပ်ကိုဖြတ်၍ ဝေဟင်တစ်ခွင်ဖြန့်ကျက်သည်။ဤအသံသည် သူငယ်အိပ်ချိန်ရောက်ချိန်တိုင်း ထွက်ပေါ်လာတတ်သော တိုင်းပြည်သည်အေးချမ်းပါကြောင်း၊ပြည်သူများစိတ်အေးချမ်းသာစွာနှင့်အိပ်စက်နိုင်ပါကြောင်းအသိပေးသည့် နေ့စဥ်အချက်ပြအသံဖြစ်သည်။
အချိန်ကား ဓနောင်းပြည်ပြည့်ရှင် အသိင်္ခယာမင်းနတ်ရွာလား၍ သီဝဓမ္မရာဇာမင်းတရားနန်းတက်ပြီးစ။ပုန်ကန်ထကြွမှုများပိပြားကာ
ဓနောင်းပြည်ဟာငြိမ်သက်စပြုပြီး အကွဲကွဲအပြားပြားပဒေသရာဇ်လက်အောက်ခံနိုင်ငံများက အလျှိုလျှိုခိုဝင်လာချိန်။နတ်ရွာလားသောမင်းတရားကြီးလက်ထက်က ပုန်ကန်ခဲ့ကြသော ပြည်ငယ်အသီးသီးက
သီဝဓမ္မရာဇာခေါ် တောင်ပိုင်ရှင်မင်း၏ စည်းရုံးမှုအားကြောင့် ပြန်လည်စုရုံးကာ
နိုင်ငံသစ်ပြန်တည်ထောင်နိုင်ရန် အားဖြည့်ကြ၏။အသိင်္ခယာမင်းကွပ်မျက်ခံရပြီဟူသော သတင်းပျံ့နှံ့ချိန် အရပ်ရှစ်မျက်နှာတစ်ခွင်ရှိကုန်သော ပြည်သူတို့က ခြိမ့်ခြိမ့်သဲသဲအောင်ပွဲခံကြလေသည်။ပြည်ကိုယုတ်စေသောမင်း၊ပြည်သူကိုညှင်းဆဲသောမင်း၊
အရည်အချင်းမပြည့်ဝသောမင်းကိုပြည်သူအပေါင်းကလည်း အသွေးထဲမှစက်ဆုပ်
လျက်ရှိသည်ဖြစ်ရာ အသိင်္ခယာ၏ဖခမည်းတော်လက်ထပ်က ကိုယ်လုပ်တော်မှမွေးသည့် ညီအစ်ကိုတော်စပ်သော တောင်ပိုင်ရှင်မင်းသားငယ်ပုန်ကန်ရာတွင် တစ်တပ်တစ်အားပါဝင်ကြသည်။စန်းသော်တာထိန်ထိန်သာသောညတစ်ည
၏အလှသည် ကြာတို့ဖြင့်ပြည့်သော ဘုရင့်ရေကန်တော်နှင့်ပေါင်းစပ်မှပိုကြွလာသယောင်။လေတစ်ချက်ဝေ့တိုင်း ကြာပန်းရနံ့သင်းသင်းတို့ကကပ်ငြိလာသည်ဖြစ်ရာ လွန်စွာနှစ်သက်ဖွယ်ကောင်းပေတည့်။ဘဝရှင်မင်းတရားကြီးသည် အစောင့်များကိုဝေးရာနှင်ကာ တစ်ပါးတည်း ရေကန်တော်ကိုမျက်နှာမူကာ အအေးဓာတ်ထုတ်ပေးသည့်
စန္ဒာလသို့ မျှော်ကြည့်နေသည်။ကန်တော်သည်အေးသကဲ့သို့၊လရောင်သည်အေးသကဲ့သို့ မင်းတရားကြီးရင်ကတော့ဖြင့် မအေးနိုင်ပါချေ။
လကိုမျှော်ကြည့်နေသော မင်းတရားကြီးသည် နှုတ်ခမ်းကွေးရုံပြုံးကာသက်ပြင်းတချို့ချလိုက်သည်။
YOU ARE READING
ပြည့် ရတနာ(ျပည့္ ရတနာ)