အပိုင်း(၈)

130 17 11
                                        

ရာသီဥတုသာယာသော မနက်ခင်းအချိန်တွင်
တောင်ပိုင်ရှင်မင်းတရားကြီးသည် စိတ်လက်ကြည်သာစွာဖြင့် စက်ရာမှနိုးထနှင့်ပြီ။ပုံမှန်အတိုင်း စိတ်လက်ကြည်သာခြင်းမျိုးမဟုတ်သော်လည်း လုပ်စရာကိစ္စအချို့ကြောင့် စိတ်လက်ရွှင်ပြအောင်နေခြင်း။မနက်ခင်းစက်တော်‌ခေါ်ရာမှထလျှင်ထခြင်း မနက်စာမှီဝဲပြီး
စိတ်လက်ပြေလျော့စေသည့် စံပယ်လက်ဖက်ရည်ကိုလည်း သုံးဆောင်ပြီးပြီ။ထိုပြင့် နန်းတွင်းမှပန်ထျာပညာရှင်တစ်ဦးကိုခေါ်ငင်ကာ စောင်းကြိုးတေးကိုလည်း အဆောင်တော်တွင်းတီးခတ်စေသည်။ဤသို့ မင်းတရားကြီးသည် နေ့စဥ်နှင့်အမျှတိုင်းပြည်ပြသာနာများအပြင် ယောက်ဖတော်၏အမှုကိစ္စများရှိပါလျက် အတိုင်းထက်အလွန်စိတ်ချမ်းသာအောင်နေခြင်းမှာအဘယ်ကြောင့်နည်း။

မကြာမီလာမည့် မိဖုရားခေါင်ကြီး၏မွေးနေ့မင်္ဂလာအခါသမယတွင် ဖိတ်ကြားအပ်သော
တိုင်းငယ်ပြည်ငယ်နှင့်တကွ အထူးထူးသောအိမ်နီးချင်းနိုင်ငံများအပြင် မိမိအလွန်လေးစားချစ်ကြည်ရပါသော တမ္ပဒီပပုဂံပြည့်ရှင် အနော်ရထာမင်းစောကိုပါ ပင့်ဖိတ်လိုခြင်းဇောကြောင့်သာ။

မင်းတရားကြီးသည် အခြားသောတိုင်းပြည်များထံသို့ ဖိတ်ကြားသောသဝဏ်လွှာများထက် အနော်ရထာမင်းထံသို့ပို့လွှတ်မည့် စာချိန်သဝဏ်လွှာဖိတ်စာကို လွန်စွာအရေးတယူပြုလေသည်။

သဝဏ်လွှာကားဤသို့တည်း...

**ချစ်ခင်ရပါသောအကြည်တော် တမ္ပဒီပ
ပြည့်ရှင် အနိရုဒ္ဓအနော်ရထာမင်းတရားကြီးထံသို့

ဓနောင်းပြည့်ရှင် မဟာသီဝဓမ္မရာဇာမင်းမြတ်နှင့်မိဖုရားခေါင်ကြီးသီရိသုဓမ္မာစောနွဲ့ထယ်တို့၏
ပို့သသောမေတ္တာဓာတ်ကြောင့် ကျန်းခန့်သာလို့မာပါစေ။
တိုင်းပြည်အစဥ်ချောကာအေးချမ်းသာယာပါစေကြောင်း ပဏာမဆုတောင်းအပ်ပါသည်။

မကြာမီကျရောက်မည့် ကောဇာသက္ကရာဇ်
(...)နယုန်လပြည့်ကျော်၇ရက်တွင်
တိုင်းပြည်မိခင်မိဖုရားခေါင်ကြီးနှင့် ဘုရင့်ယောက်ဖတော် တိုင်းပြည်ဒုတိယအဆင့်အမတ်ချုပ်ကြီးသတိုးထိပ်ခေါင်ပျံချီတို့၏
မွေးနေ့ပွဲသို့ တက်ရောက်ချီးမြှင့်ရန်အတွက်
တမ္ပဒီပနှင့်ဓနောင်းပြည်တို့ မိတ္တဗလအတူ
ယှဥ်ဖြည့်တင်းရန် ဖိတ်ကြားအပ်ပါသည်။

ပြည့် ရတနာ(ျပည့္ ရတနာ)Where stories live. Discover now