အပိုင်း(၁၃)

100 16 0
                                        

"အခေါ်ရှိပါသလား အရှင်မင်းကြီး"

"အထိန်းတော်ကြီး...လာမယ့်မိဖုရားမွေးနေ့ပွဲအတွက် ပြင်ဆင်တာဘယ်နှယ့်ရှိသလဲ
အကုန်အဆင်ပြေရဲ့နော်"

"မှန်ပါ့မင်းကြီး...ဘုန်းတော်ကြောင့် လိုအပ်ချက်မရှိပြင်ဆင်ထားပါတယ်၊အစားအသောက်အရသာပြင်ဆင်မှုကိုလည်း လက်ရွေးစင်တော်ဝင် စားတော်ကဲများနဲ့အစွမ်းကုန်ပြင်ဆင်ပြီး ဟင်းလျာအသစ်များကိုလည်းစမ်းသပ်ပြင်ဆင်နေပါတယ်၊ယဥ်ကျေးမှုဝန်မင်းကလည်း ပွဲတော်မှာကပြဖျော်ဖြေမဲ့ အတီးအမှုတ်အက ပန်တျာသဘင်သည်များနဲ့စည်ကားသိုက်မြိုက်အောင်တာဝန်ယူဆောင်ရွက်နေပါတယ်...လုံခြုံရေးအတွက်လည်း နန်းစောင့်တပ်များကိုတင်းကြပ်စွာနဲ့ လေ့ကျင့်နေပါတယ်၊
မိဖုရားကြီးနဲ့အမတ်ကြီးတို့ရဲမွေးနေ့ပွဲဟာ အခြားသောနိုင်ငံသံတမန်များအတွက် လိုလေးသေးမရှိ နှစ်ခြိုက်စေရအောင် အစွမ်းကုန်ပြင်ဆင်နေကြပါတယ် ဘုရား"

"အတိမ်းအစောင်းပေါ့လျော့မှုလုံးဝဖြစ်လို့မရဘူးနော် အထိန်းတော်ကြီး၊ဒီပွဲကသိပ်ကိုအရေးကြီးတာပ"

"မှတ်သားထားပါတယ် ဖရာ့"

တောင်ပိုင်ရှင်သည် နန်းတွင်းတစ်ခုလုံးကိုအုပ်မိုးမြင်ရသော နန်းမြင့်မျှော်စင်မှစီးကြည့်နေသည်။နန်းမြင့်မျှော်စင်သည် နန်းတော်တွင်းရှိသမျှနေရာထဲတွင် တောင်ပိုင်ရှင် အကြိုက်ဆုံးနေရာဖြစ်သည်။ကြောင်လိမ်လှေကား အထပ်ထပ်နှင့် မြင့်မားသောမျှော်စင်မှကြည့်လျှင် မြို့တော်ကိုပင်မြင်နိုင်ပါသေးသည်။လတ်ဆတ်သော လေတဖြူးဖြူး၏ အရသာကို နန်းမြင့်မျှော်စင်တွင်သာခံစားနိုင်သည်။

မျှော်စင်ပေါ်မှာ အရာအားလုံးကို စီးမိုးငုံ့
ကြည့်ရသည့်ခံစားချက်ကို မင်းတရားကြီး သဘောကျသည်။စိတ်ညစ်စရာ ခေါင်းခဲရမည့်တိုင်းပြည်ပြသာနာများ ဖြေရှင်းရမည့်အခါမျိုးတွင် နန်းမြင့်မျှော်စင်ပေါ်လာပြီးအ‌ဖြေရှာတတ်သည်။
မျှော်စင်မှ အားလုံးကိုခြုံငုံမြင်ရသကဲ့သို့
ပြည့်ဥသျှောင်ဖြစ်သည့် မိမိသည်လည်း ခပ်သိမ်းသောသူတို့၏ အကျိုးကိုခြုံငုံသိရှိစေရန်အစဥ်ကျင့်သုံးရသည်။

ပြည့် ရတနာ(ျပည့္ ရတနာ)Where stories live. Discover now