အပိုင်း(၇)

119 14 8
                                    

တည်းခိုဆောင်သို့ရောက်လျှင် အခန်းသို့မပြန်သေးဘဲ အောက်ထပ်တွင်ဖွင့်ထားသောတည်းခိုဆောင်စားသောက်ဆိုင်တွင်ဝင်ထိုင်လိုက်ကြသည်။ည‌နေစောင်းအချိန်ဖြစ်၍ ညညစာစားသူတို့ဖြင့်ပြည့်နှက်နေသည်။စားဖိုဆောင်မှလည်းမီးခိုးတလူလူ အနံ့ကမွှေးမွှေး၊ဧည့်သည်တို့ကလည်းတစ်ဖွဲဖွဲနှင့်ဆိုင်အတွင်းလက်မလည်အောင်ရှိနေပေသည်။တောင်ပိုင်ရှင်တို့ဆိုင်ထဲဝင်လာသဖြင့် တည်းခိုဆောင်ပိုင်ရှင်က ပြာပြာသလဲလဲကြိုဆိုကာ
လူကွယ်သောစားပွဲတစ်လုံးသို့ခေါ်ဆောင်နေရာချထားပေးသည်။  ကြက်ပေါင်း၊ကစော်နှင့်အခြား
စားသောက်ဖွယ်အချို့ကို မှာလိုက်ပြီး‌ တောင်ပိုင်ရှင်မှ စကားဆက်ကြ၏။

"ကိုင်း...ကိုရင်တို့ထောင်နန်းစံရတဲ့အကြောင်းလေးရှင်းပါဦး"

"အဆွေလည်းသိပြီးသားဆိုတော့ မညာတော့ပါဘူး။ကျွန်တော်တို့ကဘုရင်ကိုတွေ့ချင်လို့ နန်းတော်တံခါးရှေ့မှာဆူပူလို့အဖမ်းခံရတာပါ"

တောင်ပိုင်ရှင်၏မျက်ခုံးတစ်ဖက်ပင့်တက်သွားပြီး ဘေးမှအတူပါလာသောအမှုထမ်းဘက်သို့မသိမသာ စောင်းငဲ့ကြည့်သည်။

"ဘာပြုလို့များဘုရင်နဲ့တွေ့ချင်ရတာတုန်း"
တောင်ပိုင်ရှင်သည်လည်း သိချင်စိတ်ကြောင့်အရိုးခံမေးမိသည်။

"တွေ့မှဖြစ်မယ့်ကိစ္စရှိလို့ပါ"

"ဘာကိစ္စလည်းဆိုတာ ကျုပ်တို့သိခွင့်ရှိမလား"

"အဆွေကိုအားနာပေမဲ့ မပြောပြနိုင်ပါဘူး"

"အိမ်း...ကျုပ်တို့ကိုမပြောပြနိုင်ပုံထောက်ရင် အင်မတန်ကိုလျှို့ဝှက်အရေးကြီးတဲ့ကိစ္စထင်တာပ...ဒါထက်ဘုရင်မင်းမြတ်က ကိုရင်တို့လာမှာကိုမသိဘူးလား"

တောင်ပိုင်ရှင်သည် မျက်နှာရှေ့ထားလိမ်ရ၍ရင်ထဲ တနုံနုံဖြစ်ရသော်လည်း မသိချင်ယောင်သာဆောင်လိုက်သည်။

"မင်းတရားကြီးက ကျွန်တော်တို့ရှိမှန်းတောင်မသိပါဘူးဗျာ"

"ဒါဖြင့်ရင် ဘယ်လိုလုပ်တွေ့ဖို့လွယ်ပါ့မလဲ
ဘုရင်မင်းမြတ်ဆိုတာသူနန်းတွင်းရေး၊တိုင်းပြည်ရေးရာစီမံနေရတာနဲ့တင်မအားမလပ်ဖြစ်နေတာ"
တောင်ပိုင်ရှင်ဘေးမှ အမှုထမ်းကဝင်ရောက်ပြောဆိုသောအခါ သုဓန္ဒကခေါင်းကိုခါသည်။

ပြည့် ရတနာ(ျပည့္ ရတနာ)Donde viven las historias. Descúbrelo ahora