၂၀၁၀... အောက်တိုဘာလ ။
မန္တလေးမိန်းတက္ကသိုလ်ကြီးရှေ့မှောက် အဝတ်ထည့်ထားသောဟမ်းဘတ်အိတ်ကို ဘေးချကာ အိမ်ကလာအကြိုကို စောင့်နေလိုက်သည် ။ ကျောင်းတွေပိတ်လို့ ဆိုင်ရာဆိုင်ရာ နယ်ဘက်ရွာဘက်အသီးသီးက အိမ်ကိုပြန်ရမည်ကြောင့် ချစ်သူသက်ထားက
ဘေးကနေကြိုအလွမ်းသယ်နေတော့သည် ။" ကိုကိုကြီး သက်ထားလိုက်ချင်ပါတယ်ဆို
လွမ်းမောနေရရင်ဘယ်လိုလုပ်ရပါ့ "" အော် ကျောင်းပိတ်တုန်းခဏပဲကို
သက်ထားလေးကဘာဖြစ်နေရတာတုန်း "" ဖုန်းခဏခဏဆက်နော်
မဟုတ်ရင် လိုက်လာမှာ "" အင်းပါ သက်ထားလေးစိတ်ချထားနော်
ရွာကိုမခေါ်ရတာက သက်ထားလေး နေရထိုင်ရပင်ပန်းဆင်းရဲမှာကို
ကိုကိုကြီးစိုးရိမ်လို့ပါ မန်းမြို့ကြီးနဲ့ယှဉ်ရင်
ကိုကိုကြီးတို့ရွာက သက်ထားလေးအတွက်
မလိုက်ဖက်ဘူး မနေတတ်မှာကိုလည်း ကိုကိုကြီးဘယ်လိုမှမကြည့်ရက်ဘူး "" သွား လူဆိုး အပြောကတော့ချောလို့
စိတ်ကိုမချချင်ဘူး "" သက်ထားလေးကလွဲပြီး
ဘယ်သူ့ကိုမှရင်မခုန်တော့ပါဘူးကွာ "" ခုန်ကြည့်ပါလားသက်ထားနဲ့တွေ့မယ်မှတ် "
ပိတောက်ခြောက်ရောင်ပိုးထည်ဝမ်းဆက်နဲ့
ဆံပင်ကျစ်ဆံမြီးကျစ်ကာနှစ်ဖက်ထုံးထားပြီး
နှုတ်ခမ်းနီရဲရဲဆိုးထားသည့် ချစ်သူရဲ့
ကာလာရောင်ခြယ်သထားသည့် မျက်ဝန်းလှလှက
မျက်စောင်းပစ်ထိုးကာပြောလာသည် ။ မန်းတက္ကသိုလ်ကြီးမှာ အလှဘုရင်မလို့ လူသိများတဲ့သက်ထားနွယ်က
ကျွန်တော်ထင်ရာစိုင်းရဲ့ ချစ်သူ ။ ပထမဆုံး ချစ်သူမဟုတ် ကျောင်းတက်နေရင်းကို
သက်ထားက တတိယမြောက်တစ်ယောက်ပင် ။
ရွာမှာကလည်း လက်မလွှတ်နိုင်သေးတဲ့
ရွယ်တူအပျိုချောလေးတွေကလည်း ဒုနဲ့ဒေး ။
ဒါကြောင့် ချစ်သူသက်ထားစိတ်မချနိုင်စရာပင် ။" ကိုကိုကြီး ထန်းရည်တွေသိပ်မသောက်နဲ့နော် "
" စိတ်ချ "
" သတင်းတွေကြားပါတယ်
ကြက်တိုက်တာတွေရော သက်ထားသိတယ်နော် "
YOU ARE READING
တောပန်းလေးမို့ အရိုင်းဆန်သည် ။
Romanceခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်