အပိုင်း ၂၀

105K 11.1K 1.5K
                                    




နှစ်ရက်မြောက်လွန်ခဲ့ပြီ ။ မောင်ကနေတစ်ဆင့်
အားလုံးသိလာခဲ့သော် နောက်ဆုံး
ရွာကနေအမေနဲ့အတူတိတ်တိတ်လေး
ထွက်သွားဖို့အထိတွေးထားပေမယ့် မောင့်ဘက်က
အခြေအနေကဘာမှထူးမလာခဲ့ ။ နှစ်ရက်အတွင်း
မောင့်ကိုလည်းလုံးလုံးမတွေ့ရသလို မောင်လည်း အိပ်ခန်းထဲကအိပ်ခန်းပြင်တောင်မထွက်ဟု
သာဒိုးပြောလို့သိခဲ့ရသည် ။

မောင့်ကိုတွေ့ချင်လွန်းလို့ စိတ်ပူရလွန်းလို့
မောင့်အိမ်နားတစ်နေ့ဘယ်နှစ်ခေါက်လောက်
ဝေ့လည်ကြောင်ပတ်နဲ့ရောက်နေခဲ့ရလည်း ။
အရိပ်အယောင်လေးနည်းနည်းတောင်
မတွေ့ရတော့ကျွန်တော်အဆင်မပြေဘူး ။
ယိုင်နဲ့နဲ့ထွက်သွားခဲ့သော မောင့်ကျောပြင်က
ခုထိမျက်လုံးထဲကမထွက်သေးဘူး ။ မောင့်ဆီက
တုန့်ပြန်မှုတွေရခဲ့ရင်တောင် နေသာဦးမည် ။ အခုတော့ အိပ်ပျက်စားပျက်နဲ့အိပ်ယာထဲတောင်
လဲတော့မည့်အဖြစ် ။

" သမီးလေး နေမကောင်းရင်လည်း နားနေပါလားကွယ် "

" သမီးနေကောင်းပါတယ် အမေ "

" ဟုတ်လို့လားကွယ်
အမေနဲ့ ဆေးခန်းသွားပြကြမလား "

" သမီးကိုစိတ်မပူပါနဲ့ သမီးတကယ်နေကောင်းပါတယ် "

အမေစိတ်မပူစေရန် ဟန်ဆောင်ပြုံးကာ
တက်တက်ကြွကြွအလုပ်သွားဖို့ပြင်ဆင်လိုက်ပြီး
ပြုံးပြုံးရွှင်ရွှင်အပြင်ကိုထွက်ခဲ့တော့သည် ။
အပြင်ရောက်သည်နှင့် မျက်နှာထက်ကအပြုံးတို့
ပျောက်ကွယ်၍ မောင့်ကိုစိုးရိမ်ပူပန်စိတ်တွေသာ
ကြီးစိုးလာသည် ။ လှမ်းနေတဲ့ခြေလှမ်းတွေ
မောင့်အိမ်ဘက်ကိုသွက်သွက်လှမ်းခဲ့သည် ။
ခဏလေးဖြစ်ဖြစ်တွေ့လိုတွေ့ညား ကျွန်တော်ရရင်ရတဲ့အချိန်လေးမှာမောင့်ကို
တွေ့ချင်ပါသည် ။





" သားလေး ထင်ထင်လေးရေ
မေကြီးကသားကြိုက်တဲ့ ကြက်သားကာလသားဟင်းလေးနဲ့
ထမင်းခူးလာတယ်ကွယ်
နည်းနည်းစားမယ်မလား
မေကြီးကိုတံခါးဖွင့်ပေးပါဦး "

" .... "

" သားရေ ဘာကိုအလိုမကျတာလဲ
မေကြီးကိုပြော မေကြီးဖြေရှင်းပေးမယ်
ဒါမှမဟုတ် သားကိုဘယ်သူကဘာပြောလို့လဲ
ဒါမှမဟုတ် သားဘာလိုချင်လို့လဲ
မေကြီးကိုပြောပါ "

တောပန်းလေးမို့ အရိုင်းဆန်သည် ။ Wo Geschichten leben. Entdecke jetzt