အပိုင်း ၂

147K 13.5K 1.6K
                                    

ထရံကိုမှီချထားသည့် မှန်ရှေ့မှာ
ရို့ရို့လေးထိုင်ရင်း အမေလိမ်းဖို့သနပ်ခါးဝါဝါကို
အနှစ်ပါပါသွေးသည် ။ ပြီးသည်မှ ရှင်းလင်းစွာ
မြင်နေရသည့်မိမိကိုယ်ကိုတစ်ခဏ အနုပ်စိတ်ကြည့်နေမိသည် ။ အရင်ဘဝက ဆုတောင်းကောင်း၍လား တင်ပါးထိလုနီးနီး
ဆံကေသာက ဆင်းလုံးချောကာနက်မှောင်သည် ။
ရှိသင့်ရှိထိုက်သည့်အသားအရေထက်ပိုကာလည်း
ဖြူဝင်းလှသည် ။ မျက်လုံး နှာခေါင်း နှုတ်ခမ်း
မည်သည်မှာလည်း ခြယ်သစရာမလိုအောင်
ပြည့်စုံလွန်းပါသည် ။ အမေပေးခဲ့တဲ့ လိမ်ညာမရတဲ့သဘာဝတရားကြီးကလွဲရင်
ကျွန်တော့်၌ဖြစ်တည်ရာအရာအားလုံးက
အခုလိုမိန်းမသားတစ်ဦးအဖြစ်ဟန်ဆောင်နေဖို့ရာ
မခက်ခဲလှပေ ။

" သမီးရေဆွမ်းချိုင့်ရပြီကွယ်
ဘုန်းကြီးကျောင်းကိုသွားပို့တော့မလား "

" ဟုတ် အမေ
သမီးလာပြီ "

အနေအထိုင် အပြောအဆို အပြုအမူအရာရာက
အချိန်တွေကြာလာတော့ နေသားကျလာသည် ။
ဖြန့်ကာကျနေသော ဆံရှည်သာကိုစုစည်းပြီး
မှန်ရှေ့ကနေအမြန်ထကာ အပြင်ကို ထွက်ခဲ့တော့သည် ။

" အမေ သမီးသနပ်ခါးသွေးထားတယ် "

" အေးအေး လမ်းကို
သတိထားသွားဦးနော် သမီးလေး "

" ဟုတ် သနပ်ခါးကိုအခုလိမ်းလိုက်ဦးနော် ခဏနေဆိုခြောက်သွားမှာစိုးလို့ "

အမေ့ကိုမှာရင်းစားပွဲပေါ်တင်ထားသော
ငါးဆင့်ချိုင့်ကိုယူကာ ခြံစည်းရိုးအပြင်ကို
ထွက်လာခဲ့လိုက်သည် ။ ခဏမှာပဲ လက်ထဲကကိုင်ထားသည့်ချိုင့်ကို ဆွဲယူသွားမှုနဲ့အတူ ကြားနေကျခေါ်သံ ။

" ယဉ်... "

" ရှိုင်းသစ်ပါလား
ဘယ်သွားမလို့လဲ "

" ယဉ်နဲ့လိုက်ခဲ့မလို့
ဘုန်းကြီးကျောင်းသွားမလို့မလား "

" အင်း ဟုတ်တယ်
ပေးပါ ချိုင့်ကို
ကိုယ်တိုင်သယ်နိုင်ပါတယ် "

" ရပါတယ် ကျွန်တော်သယ်ပေးတော့
ယဉ်သက်သာတာပေါ့
နေရကောင်းမသွားဘူးလား "

" ဒါပေမယ့်လည်း "

" ကဲပါ ယဉ်ကဒီတိုင်းလေးသာလျှောက် "

တောပန်းလေးမို့ အရိုင်းဆန်သည် ။ Where stories live. Discover now