အပိုင်း ၈

107K 11.6K 1.7K
                                    



ထန်းရည်အသောက်လွန်ပြီး လူမသိသူမသိ
အမူးလွန်ခြင်း ဒါ့အပြင် တစ်ယောက်မကသော
တိုင်တန်းမှုတွေကြောင့် ဘုန်းဘုန်းရဲ့
ကြိမ်လုံးဒဏ်ကိုခံရပြီးနောက် သူကြီးသားဖင်တွေနာပြီး မထနိုင်မထိုင်နိုင်
ဖြစ်နေသည်ဆိုသော သတင်းကတစ်ရွာလုံး
မွှေးလို့နေသည် ။

အမှန်ဖြစ်မည်ထင်ပါသည် ။ ဒီတစ်ရက်နှစ်ရက် ရွာအတွင်း သူ့အရိပ်အယောင် လုံးဝမတွေ့ရသလို မနေ့ကအမေနဲ့အတူသူကြီးအိမ်သွားစရာလေး
ရှိလို့သွားခဲ့တာတောင် အသံတောင်မကြားခဲ့ရပေ ။
သာဒိုးပြောပြချက်အရ အတွင်းသတင်းက
ထန်းရည်တွေအရမ်းသောက်တာကို ဘုန်းဘုန်းက
ပိုစိတ်တိုပြီးရိုက်တာ ကြိမ်လုံးကျိုးသည်တဲ့ ။
နေတာတောင် မှောက်ယှက်ပဲနေနိုင်တယ်
ဆိုလား ။ ဘယ်လိုပဲပြောပြော ဒီရက်အတွင်း
မျက်စိအေးကာစိတ်ချမ်းသာရသည် ။


" ယဉ် ဘုန်းဘုန်းကရိုက်ပေးထားတော့
သူငြိမ်သွားလောက်ပြီနေမှာ "

" အင်း အဲလိုထင်တယ် "

" တော်သေးတာပေါ့ စိတ်မချဖြစ်နေတာ ထပ်များနှောက်ယှက်ဦးမလားဆိုပြီး
ငါကလည်း မန္တလေးကိုအမေကဝယ်စရာတွေရှိလို့
လိုက်ပို့ခိုင်းတာနဲ့မနေ့ကမှပြန်ရောက်တယ် "

" နှင်းနှင်းကပြောပြတယ် "

" နင့်အနားမှာပဲ သူ့ကိုအမြဲနေခိုင်းခဲ့တာရော
မိနှင်းကမပြောပြဘူးလား ယဉ် " 

" နှင်းနှင်းကငါ့အနားအမြဲနေပါတယ် "

" အင်း အခုမိနှင်းနေစရာမလိုတော့ဘူး
ငါပြန်ရောက်ပြီဆိုတော့ "

" ...... "

" ဒီနေ့သွားစရာရှိလား ယဉ် "

" အင်း ဘုန်းကြီးကျောင်းခဏသွားမလို့ "

" ဆွမ်းချိုင့်လား "

" ဒီမနက်ချက်ထားတဲ့အထဲ
ဘုန်းဘုန်းကြိုက်တာပါလာတော့
ဘုန်းဘုန်းတစ်ပါးစာလေးသွားပို့မလို့ပါ "

" ဒါဆို အခု ဘုန်းကြီးကျောင်း
သွားတော့မှာမလား "

" အင်း အမေနဲ့သွားမှာ "

" ဟုတ်လား အန်တီနဲ့သွားမှာလား "

" ဟုတ်တယ်
ဒီနေ့အမေကလိုက်ချင်လို့တဲ့ "

တောပန်းလေးမို့ အရိုင်းဆန်သည် ။ Où les histoires vivent. Découvrez maintenant