ကျောင်းပေါ်မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ
ကျွန်တော်အငြိမ်မနေမိ ။ ပြတင်းပေါက်နား ခဏခဏသွားကာ အောက်မှာရှိနေတဲ့သူတွေကြား
ဆွေးကိုအရိပ်တကြည့်ကြည့်,ကြည့်နေရသည် ။
ဖေကြီးမေကြီးတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်မှာ
ကျောင်းမှာဆွမ်းကပ်၍ ရွာသူရွာသား
အားလုံးကိုပါဖိတ်ကျွေးသည်မို့ ဒီနေ့ကျောင်းမှာ
လူစည်ကားလို့နေသည် ။ မနက်စောကတည်းက
ကျောင်းပေါ်ရောက်နေတာ အောက်ကိုဆင်းမယ် ကြံလည်း မေကြီးကမျက်စောင်းကြီးနဲ့ကြည့် ။
ဆွေးကိုအပေါ်ခေါ်တော့လည်း ကူညီတတ်သော
နှလုံးသားလှသူလေးက အောက်ထပ်မှာ
ကူလုပ်မယ်ကြီးပဲ ။ဒီလူကစိတ်တွေပူနေရတာကိုသူမသိဘူး ။
ဒီပုဆိုးအင်္ကျီ ဒီလိုပုံစံလေးနဲ့နေသားကျလာတော့
အကုန်လုံးအမြင်မှာ ဆွေးကပိုပို၍ ကြည့်ကောင်းလာသည်မှာငြင်းမရ ။ ဆံသားလေးတစ်ချောင်းကအစ
အစိတ်ပိုင်းတစ်ခုချင်းစီက မထိရက်ချင်စရာ ။
ရှုတိုင်းယဉ်အဖြစ်တုန်းက သိပ်သတိမထားမိခဲ့သော ရွှေလည်တိုင်က
လည်ဇလုတ်လေးကလည်း ဆွေးမြေ့ထင်အဖြစ်မှာ အသေးစိတ်ငေးလေ
ပိုသိသာခဲ့လေ ။ ပါးလေးတွေမို့မို့တက်သွားအောင်
ပြုံးနေပုံများ ဘယ်ပန်းချီရေးဆွဲလို့မှီပါ့မလဲ ။ ဒါကြောင့်လည်း ဆွေးဟာယောက်ကျားလေး
တစ်ယောက်မှန်းသိနေကြတာတောင် တစ်ချို့သောလူတွေက မူးရူးလာရင်
ရိသဲ့သဲ့လုပ်တတ်ကြသေးသည် ။ အခုတွေးနေရင်းကို ဆွေးနောက်မှာ
ရစ်သီရစ်သီနဲ့လူတစ်ချို့ ။ ကြည့်နေရတာ
အကောင်းမဟုတ်တော့သည့်နောက်
ဘုန်းဘုန်းဘေးနားက လော်ကိုသွားယူလိုက်သည်။" ဟဲ့ ထင်ရာစိုင်း ဘာလုပ်မလို့လဲ "
" ခဏပဲ ဘုန်းဘုန်း
သားပြောစရာလေးရှိလို့ "" ဘာလုပ်မှာလဲ သားရာ
ဒီတိုင်းအော်ရင်လည်းရတာကို "" အားလုံးပြန်လို့ရပြီလို့ပြောမလို့ ဖေကြီး "
" ဘာ.... ဟိတ်ကောင် ဘာလို့အော်မှာလဲ
တစ်ယောက်မှမကျွေးမွေးရသေးဘူးလေ "" ထင်ရာစိုင်း
မင်းငါ့ဆီ ကြိမ်လုံးတောင်းနေတာလားကွ "" အေ အဲလိုအော်ရဲအော်ကြည့်စမ်း သားထင် "
ESTÁS LEYENDO
တောပန်းလေးမို့ အရိုင်းဆန်သည် ။
Romanceခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်