အပိုင်း ၁၅

101K 11.1K 1.4K
                                    



သာဒိုးကိုထိပ်တုံးခပ်ချင်တာမှ
အရမ်းကိုပင် ။ သူအော်ပြောတာ ဖေကြီး
မကြားတကြားဖြစ်နေသည်ဆိုတော့
ကျွန်တော်သာသူ့ကိုထိပ်တုံးခတ်ရင်
ဖေကြီးကြားအောင်သူကပြန်တိုင် ပြောပါမည်ဟုအကြပ်ကိုင်လာတော့
သူ့ကိုခတ်ချင်တဲ့ထိပ်တုံးက ကျွန်တော့် အတွက်ဖြစ်လာမည်ပေ ။ ဒါတင်မက ကြိမ်လုံးပါအဆစ်ပါချင်ပါလာနိုင်သေးတော့ ကျွန်တော်ငြိမ်နေရသည် ။

ဒီလိုဖြစ်လို့မဖြစ် ရှက်ပြေးသွားသူလေးကို ကျွန်တော် တွေ့ချင်နေသေးပါသည် ။ ကျန်သေးသောပါးရဲရဲလေးတစ်ဖက် ကိုလည်းဆက်ဆက်နမ်းချင်ပါသေးသည် ။
မထင်မှတ်ပဲတွေ့ခဲ့ရတဲ့ လက်ကလေးနဲ့ ခြေသလုံးသွယ်သွယ်လေးမှစ၍် သူမနဲ့သက်ဆိုင်သည့်အရာအားလုံးဟာ
ရင်ထဲအသည်းထဲထိအောင် နက်နက်နဲနဲ
ငြိတွယ်နေလိမ့်မည်ဟု ကျွန်တော် ကိုယ်တိုင်ပင်မထင်ထားခဲ့ခြင်းပင် ။ သူမကို တွေးလိုက်တာနဲ့ပင် ရင်ခုန်ရလွန်းလို့
တစ်ခါတစ်လေ မောပါမောပေသည် ။
သူမနဲ့မှ အခုအချစ်ကိုသိပြီလား ။

" အာစရိ "

" မင်းငါ့ကိုစကားလာမပြောနဲ့ "

" ပြီးရော "

မခန့်ချက်က ကျွန်တော့်နားကနေတောင်
ထထွက်သွားသည် ။ အစကတည်းက
သူ့ကိုစိတ်မကြည်သည်မလို့ အခုလို
ထထွက်သွားသောအခါ ဘေးနားကတွေ့ရာ
တံမြတ်စည်းကြမ်းနဲ့ကောက်ပေါက်မိသည် ။ လက်တည့်ချက်ကတော့ တံမြက်စည်းကြမ်း သူ့ရှေ့ကျကာမှောက်ယားထိုးလဲတော့သည်မှတ်ပလား နောက်တစ်ခါအာချောင် ကြည့်စမ်းသာဒိုး ။

" နောက်တစ်ခါ မင်းသွားတွေချိုးပစ်မယ်
မယုံမရှိနဲ့ "

ကြိမ်းဝါးလိုက်ပြီး အိမ်အပြင်ကို
ထွက်ခဲ့တော့သည် ။ ဆက်နေနေရင်
သာဒိုးလက်ချက်နဲ့ ကျွန်တော်ထိပ်တုံးမိမှာ မလွဲဧကန်ပင် ။ အပြင်ရောက်တော့လည်း ကျွန်တော် သူမဆီကလွဲပြီးဘယ်ကိုမှ
ခြေလှမ်းတွေမသွက်ချင် ။ မကြည်ဖြူတဲ့
အနမ်းလေးကြောင့် သူမစိတ်များခုသွား
မလားဟူသောစိုးရိမ်စိတ်က အခုမှဝင်လာသည် ။ မမြင်ချင်လောက်အောင်ကို ဖြစ်သွားမလား ဒီအတွေးတွေကအရင်ကျွန်တော်နမ်းခဲ့မိသော မိန်းကလေးတွေနဲ့တုန်းက မတွေးဖြစ်ခဲ့တာပဲလား
ဒါမှမဟုတ် တွေးဖို့သတိကိုမရခဲ့တာလား
ဆိုတာတောင်ကျွန်တော်ရေရေရာရာမသိတော့ ။ အခုသေချာသိသည်က သူမကျွန်တော့်ကို ငြိုငြင်မှာကိုပဲ ကျွန်တော်ကြောက်မိပြန်သည် ။

တောပန်းလေးမို့ အရိုင်းဆန်သည် ။ Où les histoires vivent. Découvrez maintenant