" ရွာထဲပတ်ရမှာမလား အာစရိ "
" မင်းကို ဘယ်နှစ်ခါပြောထားရမှာလဲ "
" သေချာအောင်မေးတာကိုပဲ "
" အေး သေချာတယ်
ငါတက်ပြီနော် "" လက်ထဲကကိုင်ထားတဲ့ လော်ကြီးကရောဘာလုပ်မလို့တုန်း "
" ခဏနေသိလိမ့်မယ်
သေချာထောက်ထား ငါတက်ပြီ "" ဟာ အာစရိ
ဘာလို့နောက်ပြန်ကြီးလဲ "" သာဒိုး မင်းစကားတအားများတာပဲကွာ
စက်ဘီးနင်းမှာသာနင်းစမ်းပါ "" ဘာလုပ်မလို့လဲအရင်ပြော
အာစရိနောက်ကို လိုက်သင့်မလိုက်သင့်က
ကြည့်ရဦးမယ် "" ထိပ်တုံးကြိုက်သလား
လက်သီးကြိုက်သလား "သူကြီးကိုအားကိုးဖို့ရာသူကြီးက
အိမ်မှာမရှိ ။ သူကြီးကတော်ကကျ
သူ့သားဘာလုပ်လုပ်ပြုံးပြုံးကြီးပဲ
ကြည့်နေမှာ ။ အဲဒီတော့ ဘာမှထပ်ပြောစရာမရှိ။
စက်ဘီးနောက်ခုံပေါ် နောက်ပြန်ကြီးထိုင်
လော်စပီကာကြီးလက်ကကိုင်ပြီး ရွာထဲလှည့်မယ်တဲ့ ။ မနေ့ကလည်းမနေ့ကမလို့
တွေ့တာကတွေ့ပေါ့ သူများရှေ့မှာအားမနာ
လျှာမကျိုး ။ အခုလည်း ဘာလုပ်မယ်မသိပေမယ့်
လိုက်ရမှာတကယ်ခပ်လန့်လန့် ။" ဖြေးဖြေးချင်းပုံမှန်နင်း
ရွာထဲတစ်ပတ်ပြည့်တာနဲ့
သူ့အိမ်ကိုသွားမယ် "" အာစရိ ဘာတွေအော်ဖို့လဲ
ကျွန်တော်ဘုန်းဘုန်းကိုကြောက်တယ်နော် "" သီချင်းလေးဆိုရုံပါ "
" ဘာလို့တစ်ရွာလုံးပတ်ဆိုဖို့လဲ "
" ဘာမှမကြောက်နဲ့ တစ်ခုခုဆိုငါ့တာဝန်သာထား "
လုံးဝမယုံပေမယ့် အခုလောလောဆယ်တော့
အာစရိခိုင်းတာလုပ်ရုံကလွဲပြီးမရှိသည်မို့
စက်ဘီးကိုသာဖြေးဖြေးနင်းလာခဲ့သည် ။
ထိုအခါ အဟမ်းအဟမ်း အဟွတ်အဟွတ်နဲ့ အရင်ထွက်လာပြီးသော် သီချင်းစဆိုတော့သည် ။" မလွန်ဆန်နိုင် နှလုံးသားထဲရစ်နှောင်တွယ်
ပတ်လို့ဖြင့်ထားသော်လည်း
အတွေးခက်တယ် သံယောဇဉ်
ငယ်ရွယ်သူဖြစ်တော့လည်းချစ်တာပဲ
ဦးစားပေးသိနေတယ် အတွေးခက်တဲ့ဇာတ်လမ်းမှာ
VOUS LISEZ
တောပန်းလေးမို့ အရိုင်းဆန်သည် ။
Roman d'amourခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်