အပိုင်း ၂၂

113K 11.3K 1.9K
                                    



မိုးဒဏ်ကြောင့် အအေးပတ်ဖျားမှာကို
ဆေးလေးကြိုသောက်၍ကာကွယ်လိုက်နိုင်ပေမယ့်
မောင့်ဒဏ်ကိုတော့ ဆေးမြစ်တွေ လိမ်းထားတာတောင် ချည့်နဲ့နဲ့နာနေသည့်
ခါးက မနေ့ကတစ်ရက်လုံးဘာမှကိုမလုပ်နိုင်ခဲ့ ။
ကြီးသောင်းတို့ယာထဲလည်းမသွားနိုင်
ထ,ရလည်းခက် ထိုင်,ရလည်းခက်ပေသည် ။
မောင်တော့ဘယ်လိုနေသည်မသိပေမယ့်
ကျွန်တော်ကတော့ ဒီနေ့မှလှုပ်လှုပ်ရှားရှား
လုပ်နိုင်သည် ။

မှန်ကိုကြည့်ပြီးလည်ပင်းက နီရဲရဲအရာလေးတွေကိုသနပ်ခါးပျစ်ပျစ်
လိမ်းကာဖုံးသည် ။ မောင်နမ်းတာကြာခဲ့သည့်
နေရာလေးတွေမှာဆို အရောင်ရဲရဲလေးတွေက
ထင်ကျန်နေခဲ့တာမနေ့ကပိုပြီးသိသိသာသာ ရဲသည် ။ ဒီနေ့မှပဲ သနပ်ခါးနဲ့ဖုံးထားရင် သိပ်မသိသာလှတော့ ။ ဒါတင်မက ဖိနပ်မပါပဲ ပြေးလွှားနေခဲ့သည့်ခြေဖဝါးအောက်က
ပြတ်ရှဒဏ်ရာတွေ ။ ဒဏ်တွေ အရာတွေက
နောက်တစ်နေ့မှလုံးလုံးပေါ်တော့သည် ။

" သမီးရေ အမေ့ကိုဆားလေးသွားဝယ်ပေးပါဦး "

" ဟုတ် ဟုတ်​ အမေ "

မိုးကြောင့်ညောင်းတာကိုက်တာပါဆိုပြီး
အမေ့ကိုလည်းမုသားသုံးဆိုရသေးသည် ။
စိတ်ပူသည့်အမေက မနေ့ကတစ်နေ့လုံး ခြေထောက်တွေလက်တွေခဏခဏ
လာနင်းပေးတော့ ခါးကနာနာနှင့်မျက်ရည်တောင်
ကျသည် ။ ကိုယ့်ပြဿနာနှင့်ကိုယ်ဆိုတော့လည်း
အသာကျိတ်မှိတ်ခံရတော့သည် ။

" အမေရေ ဆားပဲလား
တစ်ခြားဘာရောလိုသေးလဲ "

" ဆားပဲသမီးရေ "

အမေ့ကိုသေချာအောင်မေးပြီး ဆားဝယ်ဖို့
ခပ်သွက်သွက်လှမ်းခဲ့သည် ။ မနေ့ကမူးရူးနေသည့်
မောင့်ကိုရွာထဲမတွေ့ဘူးဆိုလို့ အအေးပတ်ပြီးများ မောင်ဖျားနေပြီလား ။ ဒါမှမဟုတ် တစ်ခုခုဖြစ်နေပြီလားဆိုတဲ့ တစ်ခုမဟုတ် တစ်ခုမောင့်အတွက်စိုးရိမ်အတွေးတွေက အမြဲရှိနေတတ်သည် ။

အဲဒီလယ်စောင့်တဲထဲကညကလေးကို
မောင်များမှတ်မိနေမလားဆိုတဲ့ အတွေးကလည်း
မတွေးပဲမနေနိုင်အောင်ဖြစ်ရသည် ။ အခု
ဆားသွားဝယ်တဲ့လမ်းမှာများ မောင့်ကို မထင်မှတ်ပဲတွေ့မိရင်လေ ကျွန်တော်
ဘယ်လိုလုပ်ရပါ့မလဲ ။ တသိမ့်သိမ့် နှလုံးသားလေးကတုန်လို့ မျက်နှာကလည်းပူလို့ ။





တောပန်းလေးမို့ အရိုင်းဆန်သည် ။ Where stories live. Discover now