ကျယ်ပြောလှတဲ့စပါးခင်းစိမ်းစိမ်းကြီးထဲ
တစ်စုံတစ်ယောက်ရဲ့လက်ကလေးကို
ယုယုယယဆုပ်ကိုင်ပြီး လမ်းလျှောက်နေခြင်း ။
ရင်အစုံလည်းခုန်၍နေသည် ။ နုနုရွရွ လက်ပိုင်ရှင်ကလေးက ရှုတိုင်းယဉ် ။ သူမပြုံးနေတာများ အေးမြလွန်းလို့
နေမင်းကြီးတောင်ငေးသတဲ့ ။ ကျွန်တော့်ဘေးမှာ
ကျွန်တော့်ကိုချစ်မျက်ဝန်းအစုံနဲ့ နင့်နင့်နဲနဲ
ကြည့်လာတော့ အသည်းယားစွာ
ကိုယ်လုံးလေးကိုပွေ့ဖက်ထားလိုက်မိသည် ။
ဒါတင်မက မတင်းတိမ်လှစွာ လည်တိုင်ကြော့ကြော့ဆီနစ်ဝင်အောင် နမ်းရှိုက်တော့လည်း မျက်လုံးလေးမှိတ်ကာ
ငြိမ်ခံရှာသည် ။ မပြီးနိုင်မဆုံးနိုင် အနမ်းတွေတိုးဝင်ရင်း နှုတ်ခမ်းလေးဆီ
ဦးတည်တုန်းမှာ အနှောက်အယှက်ခေါ်သံတွေ ။" ထင်ရာစိုင်း.... ထင်ရာစိုင်း....
အော် ဒီကလေးနှယ် ထိုင်ရင်းတောင်
ငုတ်တုတ်အိပ်တတ်တာလား ဟဲ့ ထင်ရာစိုင်း "အတင်းကိုခေါ်နေသည်ကြောင့် ဘယ်ဆီဘယ်ဝယ်ရောက်သွားမှန်းမသိတဲ့
သူမနဲ့စပါးခင်းကြီးရယ် ။ မဖွင့်ချင်ဖွင့်ချင်
ဖွင့်လိုက်ရတဲ့မျက်လုံးတွေရဲ့မြင်ကွင်းမှာက
ခါးထောက်ကာရပ်ကြည့်နေသည့်
ဘုန်းဘုန်ဘုရား ။ ခေတ္တခဏအိပ်ပျော်ရာမှာ
မက်ခဲ့တဲ့အိမ်မက်လေးလို့ သဘောပေါက် လိုက်မိသည် ။ အိမ်မက်ဆိုပေမယ့်
ရင်ခုန်မြန်မှုတွေကအခုနိုးသည်အထိ မရပ်သွားသေးပဲ အသည်းတယားယားနဲ့
ရှိနေတော့သည် ။" အခုနကပဲ မနက်အိပ်ယာကထလို့
ဘုန်းဘုန်းဆီ သားလာတာမဟုတ်ဘူးလား "" ဟုတ်ပါတယ် ဘုရား "
" အိပ်ရေးမဝခဲ့ဘူးလား "
" မဟုတ်ပါဘူး ဘုရား
သားခဏလေးမှေးကနဲဖြစ်သွားတာပါ "" ကဲ ဒါဆိုလည်း
လာရင်းကိစ္စလျှောက် "" တင်ပါ့
လပြည့်နေ့အတွက် အလှူခံမဏ္ဍပ်မှာ
သားထိုင်ပြီး အလှူငွေကောက်ပေးမယ်လို့
လာလျှောက်တာပါ ဘုရား "" အင်း သားသဘော
ဒါပေမယ့် မွှေတော့မမွှေနဲ့နော်
ကြိမ်လုံးကြည့်ထား "" ဖေကြီးကလည်း တစ်ခုခုဆိုထိပ်တုံးကြည့်ထားနဲ့
ဘုန်းဘုန်းကလည်းကြိမ်လုံးကြည့်ထားနဲ့
သားကစေတနာနဲ့လည်းလုပ်ပေးရသေးတယ်
မသိရင် ထိပ်တုံးနဲ့ကြိမ်လုံးက သားအတွက်ချည်းကျနေတာပဲ "
VOCÊ ESTÁ LENDO
တောပန်းလေးမို့ အရိုင်းဆန်သည် ။
Romanceခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်