အပိုင်း ၁၉

104K 11.4K 2.2K
                                    

လပြည့်နေ့အပြီး နောက်ရက်တွေရောက်တော့ နားထားသည့်အလုပ်တွေ အရင်အတိုင်း ပြန်လုပ်သည် ။ ရက်တိုတရာစခန်းလည်း ပြီးဆုံးပြီမလို့အမေလည်းအိမ်မှာပြန်ရှိလို့
နေသည် ။ အရင်အတိုင်း ပြန်လည်ဖြတ်သန်း နေရသည့်နေ့ရက်တွေမှာ ဒီနေ့တော့
မောင့်ကိုရှောင်နေမိသည် ။

ရှုတိုင်းယဉ် ခြေလှမ်းတွေလွဲနေပြီလားဟု
မေးလာကာ အမေ့ကိုတွေးပါ ခြေလှမ်းတွေမှားလို့မဖြစ်ဘူးလေ
ထင်ရာစိုင်းကိုလည်းဘုန်းဘုန်း နားလည်အောင်ပြောပေးပါ့မယ် ဟု
သတိပေးလာသော ဘုန်းဘုန်းစကားက မောင့်နှင့်ပက်သတ်ရင် သတိလွတ်နေသောစိတ်ကို ပြန်လည်သုံးသပ်စေသည် ။

မောင် လိုက်ပိုးနေတာကျွန်တော်
ကျွန်တော်ကလည်းမောင့်အပေါ် မငြင်းလွှတ်မိတာကို အများစုသိနေသည့်
အခြေအနေတွေကြောင့် ဘုန်းဘုန်းကအခုလို
ခေါ်သတိပေးခဲ့သည် ။ ဒီလိုနဲ့ အရင်က
အမေစိတ်ပြန်ဖောက်ခဲ့တာတွေပြန်တွေးမိပြီး
အဖြစ်မှန်ကိုမောင်သိသွားရင်ရောဆိုတဲ့
နာကျင်စရာအတွေးကြောင့် မောင့်ကို ရှောင်နေမိတော့သည် ။

" ယဉ်ယဉ် နေမကောင်းဘူးလား "

" ကောင်းပါတယ် နှင်းရဲ့ "

" ဟုတ်လို့လား ယဉ်ယဥ့်ကိုကြည့်ရတာ
မှိုင်ထွေနေသလိုပဲ "

" ဘာမှမဖြစ်ပါဘူး စိတ်မပူနဲ့ "

စိတ်မပူဖို့ပြောရင်းလုပ်စရာရှိတာ
ဆက်လုပ်နေတော့ ဒီဘက်ကိုဦးတည်လာနေတဲ့
မောင့်ကိုတွေ့ရပြန်သည် ။ ထိုကြောင့် ။

" နှင်း... ငါဒီနေ့ယာထဲမလာဘူးလို့ပြောပေး "

အကူညီတောင်းခဲ့ပြီးမောင်မမြင်ကွယ်ရာ
တစ်နေရာမှာပြေးပုန်းမိတော့သည် ။ ရှောင်ပြေးလိုက်တာနဲ့ ပြေလည်သွားမှာ မဟုတ်ပေမယ့် အခုချက်ချင်းကြီး ဘာဆက်လုပ်ရမလဲ ကျွန်တော်မသိသေးတော့
အခုလိုပုန်းနေတာကပိုကောင်းပါသည် ။





" ခုနကတွေ့လိုက်သလိုပဲ "

" အော် ဒီနေ့ယာထဲမလာပါဘူးဆို
မယုံလဲမတတ်နိုင်တော့ဘူး "

" ဘာလို့မလာတာတဲ့လဲ "

" သေချာမသိဘူး "

" ကျွတ် "

တောပန်းလေးမို့ အရိုင်းဆန်သည် ။ Where stories live. Discover now