အကြင်နာည

100K 10K 1.7K
                                    

" သူကြီးသားလေးလည်းမလာပါလား သား "

" သူ , သူကြီးကအလုပ်တွေခိုင်းထားလို့
အလုပ်တွေရှုပ်နေတယ်တဲ့ အမေ "

ပြန်ဖြေလိုက်တော့အမေကခေါင်းတငြိမ့်ငြိမ့် ။
အမေကမေးလို့သာ မုသားသုံးဖြေလိုက်ရပေမယ့်
အမှန်တော့ သူကြီးခိုင်းလို့မောင်တစ်ယောက် အလုပ်တွေရှုပ်နေသည်ကတကယ်ဟုတ်,မဟုတ်
မသေချာပေမယ့် ကျွန်တော့်ဆီမောင်မလာတာ
နှစ်ရက်ရှိနေပြီဆိုတာကတော့သေချာနေသည် ။

အရင်ကဒီလိုမဟုတ် အချိန်တိုင်းအချိန်တိုင်း
အိမ်မပြန်လို့ပြန်ဖို့ကိုအတင်းပြောနေရသူက
ဘာမှန်းမသိပါပဲ ကျွန်တော့်ဆီမလာခဲ့တာ
နှစ်ရက်တိတိ ။ ကျွန်တော်ကသွားပြန်တော့လည်း
မောင့်ကိုမတွေ့ရ ။ သို့ရာတွင် မောင်တစ်ယောက်
တစ်ဖက်ရွာကိုခြေဆန့်နေသည့်သတင်းကိုတော့
ကြားသိခဲ့ရသည် ။

" အမေ သားအပြင်ခဏသွားဦးမယ်နော် "

" အေးအေး "

ဦးတည်ခဲ့သည့်ခြေလှမ်းတွေက
မောင့်အိမ်ဆီဖြစ်သည် ။ ကျန်တာတွေထက်
မောင် နေကောင်းကျန်းမာပါရဲ့လားဆိုတာလေး ကိုတော့ပိုပြီးသိချင်ရသည် ။ ပြင်ပြင်ဆင်ဆင်
ကျော့ကျော့မော့မော့နဲ့ သွားနေတာတဲ့ဆိုပြီး
ကြားရသည့်သတင်းတွေကိုကြားစကားလို့ပဲ
ရင်မှာသိထားသည် ။ ထိုကြားစကားတွေကြောင့်
မဟုတ်မမှန်တဲ့အတွေးတွေနဲ့ မောင့်သစ္စာ မေတ္တာတွေကိုမစော်ကားချင်ဘူး ။

" သာဒိုး.... သာဒိုး....ခဏ
ဘယ်သွားမလို့လဲ "

မောင့်အိမ်နားရောက်ခါနီးတော့ အလျင်စလို
တစ်နေရာကိုသွားဟန်ပြင်နေသည့်သာဒိုးကို
လှမ်းခေါ်လိုက်ပြီးအနားကိုသွားလိုက်သည် ။

" မောင်ရော "

" ဟိုဘက်ရွာမှာ "

" အလုပ်ကိစ္စရှိလို့တဲ့လား "

" မရှိပါဘူး သူလားအလုပ်ကိစ္စရှိမှာ
ဘယ်တုန်းကအလုပ်,လုပ်တာကျလို့ "

" အော်.... အလုပ်ကိစ္စရှိလို့ထင်နေမိတာ "

" .... "

" နင်ရောအခုမောင့်ဆီသွားမလို့လား "

" မဟုတ်ဘူး အာစရိကသူ့ဆီမလာခိုင်းဘူး
ကြည့်ရတာ ဟိုဘက်ရွာကရွာလူကြီးသမီးက
ပြန်ရောက်တာမကြာသေးဘူးတဲ့ အရမ်းအရမ်း
လှတယ်ပြောတယ် အဲဆီများသွားသလား "

တောပန်းလေးမို့ အရိုင်းဆန်သည် ။ Nơi câu chuyện tồn tại. Hãy khám phá bây giờ