အလယ်တန်ကျောင်းတခုအနီးရှိလမ်းကြားလေးထဲတွင် ၁၀နှစ်အရွယ်ခန့်ကလေးငယ်နှစ်ယောက်ဟာ သစ်ပင်ကိုအကာကွယ်ယူရင်း ကျောင်းအဝတ်စားများအား အပြင်အဝတ်စားများဖြင့်လဲလှယ်ဝတ်ဆင်နေကြတယ်။ သူတို့နှစ်ဦးရဲ့မျက်လုံးတွေကလည်း ဂဏာမငြိမ်နိုင်ပဲ လမ်းတလျှောက်ကို ကျီးကန်းတောင်းမှာက် အကဲခတ်နေကြတယ်။ လူအရိပ်ခြေကိုကြည့်ပြီး အသည်းအသန်အဝတ်လဲ နေရတာမို့ လက်တွေတဆက်ဆက်တုန်နေပြီး အလွဲလွဲအချော်ချော်။
နံနက်အစောပိုင်းဖြစ်တာတောင် ကြောက်စိတ်ကြောင့် ချွေးလေးများပင်စို့နေကြသေးသည်။"ဝမ်, ငါတို့ဘယ်ကိုသွားကြမှာလဲ"
"ရှောင်း, ငါ့ကိုကြည့်။ ငါသေသေချာချာ စီစဥ်ထားတယ်၊ သူတို့လက်ထဲကနေ သေချာပေါက်လွတ်အောင်ပြေးကြမယ်။ ၉နာရီဆို လော့ရမ်ကိုသွားတဲ့ရထားရှိတယ် ငါတို့အဲ့ရထားမှီအောင်သွားရမယ်။ခု ၈ခွဲဆိုတော့ နာရီဝက်ပဲအချိန်ရတယ်။ကျန်တာရထားပေါ်ရောက်မှဆက်ပြောရအောင်။သွားစို့"
ကလေးငယ်နှစ်ယောက် တယောက်တယောက်တွဲလို့ ခပ်မြန်မြန်လျှောက်လာကြတယ်။ သူတို့မပြေးရဲဘူး။ ပြေးရင်တယောက်ယောက်သတိထားမိမှာကြောက်လို့။ ခေါင်းမှာလည်းဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသေးတယ်။ မျက်လုံးတွေကတော့ ဘေးပတ်ဝန်းကျင်ကိုခဏခဏအကဲခက်နေတယ်။၂၅မိနစ်လောက်လျှောက်ပြီးသွားတော့ ဘူတာကိုရောက်တယ်။
"ဝမ်, ရထားလက်မှတ်ဝယ်ဦးလေ"
လက်မှတ်မဝယ်ပဲ ရထားပေါ်ပြေးတက်ဖို့လုပ်နေတဲ့သူငယ်ချင်းကြောင့် "ရှောင်း" ခပ်အုပ်အုပ်အသံဖြင့်သတိပေးလိုက်တယ်။
"လာစမ်းပါ ရှောင်းရာ"
ဝမ်က ရှောင်းရဲ့လက်ကိုအတင်းစောင့်ဆွဲခေါ်ပြီး ရထားပေါ်တက်သွားတယ်။သူတို့ ရထားပေါ်ရောက်ပြီး ခုံ၁ခုမှာနှစ်ယောက်ဝင်ထိုင်လိုက်တယ်။
တယောက်နဲ့တယောက်တွဲထားတဲ့လက်တွေကတော့ခုထိမဖြုတ်မိသေးဘူး။ခဏအကြာမှာပဲရထားကစထွက်တော့တယ်။
YOU ARE READING
Hope (Complete)
General Fictionအခုမှ စာစရေးတာမို့ အရေးအသားလိုအပ်ချက်တွေရှိနိုင်ပါတယ်။