Unicode
ကုရှောင်မုံသာထိုနေ့က ကုကျားရန်တို့သားအဖစကားပြောတာကိုဆုံးအောင်နားထောင်ခဲ့ရင်, ဒါမှမဟုတ် ကုရီရှင်း သာအဲ့အချိန်က ကုကျားရန်ရဲ့စာဖတ်ခန်းထဲဲကို အလောတကြီးပြေးမဝင်ခဲ့ရင်, ဒါမှမဟုတ် ကုသခင်မကြီးသာ သူ့မသားငယ်လေးဆီ ဖုန်းမဆက်မိခဲ့ရင်.......
ရိပေါ်..စီနီယာနဲ့ ဖုန်းပြောလို့ပြီးတော့ ရှောင်းကျနိ့ဘက်ကိုလှည့်ကြည့်ကာ...
"မမဒေလီယာက အယူခံမဝင်ဘူးတဲ့"
"ဟုတ်လား....
CCTVတွေကိုဖျက်ခဲ့တာလည်း မမပဲလား""ဟုတ််တယ်, သူမ us မှာကျောင်းတတ်ခဲ့တုန်းက ခင်တဲ့ hackerတယောက်ကို အကူညီတောင်းတာတဲ့"
"သြော်.. ,
ဒါဆိုမမ ဘယ်နှနှစ်လောက်ကျနိုင်လဲ?""၁၀နှစ်နဲ့အထက်ပေါ့"
နှစ်ယောက်လုံးဘာစကားမှဆက်မပြောတော့ဘဲ , တိတ်တဆိတ်သာနေလိုက်ကြတယ်..
ခဏကြာတော့ စီနီယာပြန်ရောက်လာပြီး.....
"ရဲမင်းကြီးက အစည်းဝေးခေါ်ထားတယ်, ငါရယ် ဝမ်ချင်ရယ်, ရိပေါ်နဲ့ရှောင်း ၄ယောက်လုံးသွားရမယ်, မင်းတို့၂ယောက်က မြို့တော်ဝန်အမှုကို သတ်ဆိုင်ရာဌာနကိုလွဲပြောင်းပေးဖို့လုပ်တော့""ဟုတ်ကဲ့ပါ ဆရာ"
........ရဲမင်းကြီကို သူတို့လေးယောက်တပြိုင်တည်းအလေးပြုလိုက်တယ်။
"ထိုင်ကြပါ"
ရဲမင်းကြီးက ဖိုင်တခုစီသူတို့ဆီကမ်းပေးရင်း....
"ကျိုးရန်ဂေဟာအမှုပါ, ငါလိုက်နေတာ၆နှစ်လောက်ရှိပြီ, ဒါကအမှုနဲ့ဆိုင်တဲ့အချက်လက်တွေ။"
ရဲမင်းကြီးပေးတဲ့ ဖိုင်ကိုအကြမ်းဖျင်း ဖတ်လိုက်ကြတယ်, ရိပေါ်နဲ့ရှောင်းကတော့ တော်တော်များများသိပြီးသားအကြောင်းအရာတွေပါပဲ။ ခဏအကြာမှာ
ရဲမင်းကြီးကပဲစကားဆက်ပြောလာတယ်" သူလျှိုလွတ်ထားပေမယ့် ဂေဟာမှူးဆီကို ချဥ်းကပ်လို့မရခဲ့ဘူး။ ဒါပေမယ် သူနဲ့လက်တွဲလုပ်နေတဲ့ Dr. Alex ဆီကိုလွှတ်ထားတဲ့သူလျှိုက ပြီးခဲ့ရက်က ဆက်သွယ်လာတယ်, သူက အခုအတွင်းစည်းကိုဝင်ခွင့်ရပြီတဲ့, အတွင်းစည်းဆိုတာ ကလေးငယ်တွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို တရားမဝင် ရောင်းချဖို့ ခွဲစိတ်တဲ့နေရာကွာ, ခက်တာက အဲ့နေရာကိုသွားရင်မျက်လုံးစည်းပြီးခေါ်သွားပြီး ခွဲစိတ်တဲ့နေရာရောက်မှ မျက်လုံးကိုဖွင့်ပေးတာတဲ့, အဲ့အတွက်ကြောင့် ဘယ်နေရာရယ်လို့အတိကျမပြောနိုင်ဘူးဖြစ်နေတယ် "
" Dr. Alexပိုင်တဲ့အဆောက်အဦးတွေများတဲ့အထဲက ငါတို့ခန့်မှန်းထားတာ ၂နေရာရှိတယ်, သူ့ဆေးရုံရယ် , အပန်းဖြေစံအိမ်ရယ်, ဒါကြောင့် ငါတို့ဘက်က သူလျှိုထက်လွှတ်ချင်တာ"
ŞİMDİ OKUDUĞUN
Hope (Complete)
Genel Kurguအခုမှ စာစရေးတာမို့ အရေးအသားလိုအပ်ချက်တွေရှိနိုင်ပါတယ်။