အပိုင်း ၄

2.2K 204 1
                                    

မနက်၅နာရီ​လောက်အိပ်ယာကထပြီး ဆိုင်ဖွင့်ဖို့ပြင်ကြတယ်။​စျေးနဲ့လည်းနီး၊ ဘူတာနဲ့လည်းနီးတဲ့ဆိုင်မို့ မနက်ပိုင်းမှာ​တော့ဆိုင်က​တော်​တော် လူကျတယ်။​ဦးဦးကျန်းချန်က စားဖိုမှူးလုပ်ပြီး၊အားရီက ဦးဦးကျန်းချန်ကို ကူ​ပေးရတယ်။ ကျင်းရီ​ကောနဲ့ သူတို့နှစ်​ယောက်ကစားပွဲထိုးရတယ်။​နေ့လည်၁၁​လောက်မှပဲဆိုင်ကလူကျဲသွား​တော့တယ်၊အ​လေ့အကျင့်မရှိ​တော့ သူတို့​ခြေ​ထောက်​​တွေ တော်​တော်​ညောင်း​နေပြီ၊ ဧည့်သည်​တွေမရှိတော့မှ ခုံ​ပေါ်ခဏထိုင်ပြီး အ​ညောင်း​ဖြေရတယ်။ခဏကြာ​တော့
"ဘယ်သွားမလို့လဲ"
ဝမ်,က ထသွားဖို့ပြင်​နေတဲ့​ရှောင်းရဲ့လက်ကိုဆွဲရင်း​မေးလိုက်တယ်။

"ငါ ရှူး​ပေါက်ချင်လို့"
တိုးတိုး​လေးပြန်​ဖြေလိုက်တယ်။ သူလည်း ​​ရှောင်းသွားတဲ့​နောက်ထလိုက်ဖို့လုပ်​တော့..
"မင်းက​ရော ဘယ်သွားမလို့တုန်း" ကျင်းရီ​ကော​ကလှမ်း​မေးခြင်းဖြစ်တယ်။

"ဟို..​ရှောင်းက ရှူး​ပေါက်ချင်တယ်ဆိုလို့.... အဲ့ဒါ ..လိုက်ပို့​ပေးမလို့"

"​ဟေ..မင်းက ရှူးပါလိုက်တည်​ပေးတာလား???"

"ဟို..ကျင်းရီ​ကောကလည်း ဆိုင်မှာအခုလူမှ မရှိတာ ခဏ​လေးပဲသွားမှာပါ..လာ​လေသွားမယ်"ကျင်းရီ​ကောကိုပြန်​​ဖြေရင်း, ​ရှောင်းရဲလက်ကိုဆွဲပြီးအိမ်သာရှိတဲ့ဘက်ဆီ​လျှောက်လာခဲ့တယ်။​ရှောင်း အိမ်သာဝင်​တော့ သူအပြင်က​နေမတ်တပ်ရပ်ပြီး​စောင့်​နေတယ်။

သူနဲ့​ရှောင်းက ၁နာရီပြည့်​အောင်ခွဲမ​နေဖူးဘူး။​ဂေဟာမှာလည်း အိပ်တဲ့ကုတင်းချင်းကပ်ရပ်၊​ကျောင်းမှာလည်း တူတူထိုင်တာ၊ ခုလိုအိမ်သာသွားလည်းတူတူသွားတာပဲ။ သူအိမ်သာဝင်ရင် ကိုယ်က​စောင့်​ပေးပြီး၊ ကိုယ်ဝင်ရင်လည်းသူက​စောင့်ပေး​နေကြပဲ။​

ရှောင်း​ကဂေဟာကို​အသက်၂နှစ်အရွယ်မှာရောက်လာတာ၊ မိဘ​တွေကားတိုက်ခံရလို့ ​စောင့်​​ရှောက်မယ့်သူမရှိလို့​အိမ်နီးချင်း​တွေကပဲ ​ဂေဟာကိုပို့​ပေးလိုက်ကြတာ။ သူက​တော့ ​မွေးကတည်းကအနှီးထုပ်​လေးနဲ့​ဂေဟာ​ရှေ့လာချထားခံရတာ။စာ​လေးတ​စောင်နဲ့ အမည်​ဝမ်ရိ​ပေါ်ဆိုတာရယ်,သူ့​မွေး​နေ့ရယ် ပဲပါတဲ့ စာ​လေး​ပေါ့။

Hope (Complete)Where stories live. Discover now