အပိုင်း၂၂

2K 190 1
                                    

Unicode

သူတို့ကွန်ဒိုကိုပြန်​ရောက်​တော့ အ​တော်​လေးညည့်နက်​နေပြီ...
"ဒါဆို ဝမ်​ချောင်​ကောက ချစ်ခြင်းပြန်မလိုက်​သေးဘူး​ပေါ့.."

"မလိုက်​သေးဘူး.. sean..
ကြည့်လက်စ လူနာ​တွေကို လွှဲဖို့လုပ်ရဦးမှာဆို​တော့..တပတ်​လောက်​တော့ကြာဦးမယ်"

"ညစာအတွက်..​ခေါက်ဆွဲပဲပြုတ်လိုက်ရမလား?"

"အင်း... ဒီချိန်  မှ​တော့ ဒါပဲစားကြတာ​ပေါ့., ဒါနဲ့..ရိ​ပေါ် လက်မှာ ဒဏ်ရာရထားတယ်မဟုတ်လား?, ​ဆေးထည့်ထားလား?"

"ဒဏ်ရာ???"

"အာ...​သေး​သေး​လေးပါ ​​ကော, ​ရေချိုးပြီးမှ ထည့်​တော့မယ်"

"ဝမ်..,မင်း​ပြော​တော့မထိခိုက်မိဘူးဆို..ပြစမ်း.."
ရိ​ပေါ်က သူ့ဘယ်ဘက်လက်ဖဝါးကိုပြရင်း..

",သေး​သေး​လေးပါ .. ​ရှောင်းရဲ့"
လက်ဝါးပြင်အလယ်တည့်တည့် ကန့်လန့်ဖြတ် ဓါးဒဏ်ရာကြီး..

"ဒါ​သေး​သေး​​လေးလား..ဟမ်.."  
​ရှောင်းကျန့်​တော်​တော်စိတ်မ​ကောင်းဖြစ်ရတယ်..အမှုကိစ္စကို အရမ်းအာရုံ​ရောက်​နေတာမို့..ရိ​ပေါ်ကို ​သေချာမစစ်​ဆေးကြည့်မိလိုက်ဘူး။

"လာ​ဆေးထည့်ရ​အောင်. "

"ကိုယ်အရင်​ရေချိုးဦးမယ်..​ရေချိုးပြီးမှ​ဆေးထည့်​ပေး​တော့.."

"အဲ့ဒါဆိုလည်း..မြန်မြန်သွားချိုး​​တော့.."

"အင်းပါ"

​ညစာအတွက်ပြင်ဆင်ပြီးတဲ့အချိန် ရိ​ပေါ်လည်းရေချိုးလို့ပြီးပြီ။

"​​ကော..စားနှင့်​နော်..ကျွန်​တော် ဝမ့်ကို​ဆေးထည့်​ပေးလိုက်ဦးမယ်.."

"အေး​​အေး..ဒါဆို​ကော..မ​စောင့်​တော့ဘူး​နော်.."

"ဟုတ်ကဲ့​ကော"
​​ရှောင်းကျန့်က ဆေး​သေတ္တာကိုယူရင်းနဲ့..
"ဝမ် , ဒီနားလာထိုင်.."

"​သြော..လာပြီ"

"အရမ်းနာလား"

"ဟင့်အင်း..မနာပါဘူး"

"ဘယ်လိုဖြစ်လို့ ဒဏ်ရာရသွားတာတုန်း.."

"အခန်းထဲမှာ သူတို့ဘက်က လူက၈​ယောက်, ကိုယ်တို့ဘက်က လူက၃​ယောက်"

Hope (Complete)Where stories live. Discover now