Unicode
နေ့လယ်စာစားပြီး ရုံးခန်းကိုပြန်ရောက်တော့
ဝမ်ချင်နဲ့စစ်ကျွေးလည်းပြန်ရောက်နေကြပြီ။"နေ့လယ်စာစားပြီးကြပြီလား?"
ရိပေါ်က မေးရင်းခုံမှဝင်ထိုင်ကာ, ရှောင်းကျန့်အတွက်ပါ ညာဘက်ကခုံကို ဆွဲထုတ်ပေးလိုက်တယ်။"အေး အပြင်ကစားလာခဲ့တယ်" စစ်ကျွေးကာပြန်ဖြေပေးသည်။
ရှောင်းကျန့်လည်း ရိပေါ် ထုတ်ပေးတဲ့ခုံမှာဝင်ထိုင်ရင်း...
"ဘာထူးသေးလဲ?""မထူးဘူး, CCTVပဲကြည့်ခွင့်ရတယ်, လူတွေကို
မေးလို့မရခဲ့ဘူး" ဝမ်ချင်ကပြောရင် စိတ်ရှုပ်သလိုမျက်နှာကိုလက်ဝါးနဲ့သပ်ချတယ်။"CCTV ထဲမှာရော ထူးခြားတာမတွေ့ရဘူးလား ?"
" ဟင့်အင်း.... CCTVက အတွင်းပိုင်းအထိ မတက်ထားဘူး , သူဝင်သွားတယ် ၅မိနစ်လောက်နေတော့ပြန်ထွက်လာတယ် ဒါပဲတွေ့ရတာ "
"စီနီယာက အပြင်သွားတာလား?" စီနီယာကိုမတွေ့လို့ရိပေါ်ကထမေးလိုက်တာ..
"အင်း, ရဲမင်းကြီးနဲ့သွားတွေ့တယ်၊ researchဌာနက တာဝန်ခံ ပါမောက္ခကိုစစ်ဆေးခွင့်ရဖို့" စစ်ကျွေးကဝင်ဖြေလိုက်တာ
"ရဲမင်းကြီးကခွင့်မပြုလို့လား?"
"မဟုတ်ဘူး, အထက်ကခွင့်မပြုတာတဲ့၊ ရဲမင်းကြီးနဲဲ့စီနီယာနဲ့ အထက်လူကြီးတွေကိုသွားတွေ့ကြမှာ၊ ဒီ research က နိုင်ငံရဲ့ထိပ်သီးအကြီးကဲတွေနဲ့ပါပတ်သတ်နေပုံပဲ, အမှုက လိုက်ရင်းဝေးဝေးလာသလိုပဲ"
" ကုရှောင်မုံနဲ့လက်တွဲလုပ်နေတဲ့အခြားဆရာဝန်တွေကိုရော မေးမြန်းလို့မရဘူးလား?"
"မရဘူး , အဲ...ခွင့်ယူထားတဲ့တယောက်တော့ရှိတယ် , သူ့ဆီဆက်သွယ်ထားတယ်, ဒီညလောက်တော့ပြန်ဆက်သွယ်လာမယ်ထင်ရတာပဲ"
" တရားခံကိုသိပြီး ဖမ်းဖို့သက်သေရှာမရတာ စိတ်တိုဖို့ကောင်းလိုက်တာ"..ယန်းခိုင်က မချိတင်ကဲညည်းတွားလိုက်တယ်။
ထိုစဥ်.........တီ..တီ..တီ....
ရိပေါ်ရဲ့ဖုန်းကထမြည်လာသောကြောင့်.....
![](https://img.wattpad.com/cover/274428080-288-k65728.jpg)
ESTÁS LEYENDO
Hope (Complete)
Ficción Generalအခုမှ စာစရေးတာမို့ အရေးအသားလိုအပ်ချက်တွေရှိနိုင်ပါတယ်။