Unicode
ဦးဦးဟိုက်ခွမ်းကိုနှုတ်ဆက်ပြီး သူတို့အရင်နေနေကြအိပ်ခန်းလေးဆီဝင်လာခဲ့တယ်။ သူတို့နှစ်ယောက်မနေတာကြာပေမယ့် အားရီက နေ့တိုင်းသန့်ရှင်းရေးဝင်လုပ်ပေးထားပုံပဲ။ အားရီကို သူတို့ပစ်ထားမိသလိုဖြစ်သွားတယ်ထင်ပါရဲ့။
အခန်းထဲရောက်တော့ ရှေ့ဆက်မသွားပဲ ငူငူကြီးရပ်နေတဲ့ ရိပေါ်ကြောင့်...
" ဘာရပ်လုပ်နေတာလဲ , မျက်နှာသစ်ပြီး အိပ်ကြမယ်လေ " .........ရှောင်းကျန့်က ရိပေါ်ကိုပြောရင်း ရေချိုးခန်းထဲဝင်သွားတယ်။
ရိပေါ်လည်းနောက်ကလိုက်ဝင်လာပြီး သူ့အတွက် ရှောင်းကိုယ်တိုင် သွားတိုက်ဆေးအဆင်သင့်ထည့်ပေးထားတဲ့ သွားတိုက်တန် ကိုယူပြီး သွားတိုက်ရင်း.......
" အားရီကို ပစ်ထားမိသလိုဖြစ်နေသလားလို့ တွေးနေတာပါ"
" အင်း..ငါလည်းတွေးမိတယ်, မနက်ကြ စောစောထပြီး အားရီကိုအချိန်ပေးကြတာပေါ့"
"အင်း "
သူတို့မျက်သစ်, ကိုယ်လက်သန့်စင်ပြီး အိပ်ယာဝင်ခဲ့ကြတယ်။
"ရှောင်း.."
"အင်း.."
"အိပ်မပျော်သေးဘူးမလား?"
"အင်း..အရင်ကအကြောင်းတွေသတိရလာလို့"
"ရှောင်း, ငါတို့က အရင်ဘဝကနိုင်ငံကိုကယ်တင်ခဲ့တယ်ထင်တယ်"
"ဘာလို့.."
"အာ့ကြောင်.....အားရီတို့နဲ့ဆုံခဲ့ရတာပေါ့"
ရိပေါ်စကားကြောင်း ရှောင်းကျန့်က ခပ်လွင်လွ င်လေးရယ်ရင်း....
"ဟုတ်မယ်..."
သူတို့ဘဝမှာ အားရီတို့နဲ့ဆုံခဲ့ရတာ တကယ်ဘုရားပေးတဲ့ဆုပဲ။ တရားဝင်မွေးစားမထားပေမယ့် သားအရင်းတွေလိုစောင့်ရှောက်ပေးတယ်။
သူတို့ကျောင်းတက်ချင်တယ်ပြောတော့လည်း ကြည်ကြည်ဖြူဖြူထားပေးတယ်။ထို့နေ့...ရိပေါ်တို့နှစ်ယောက်ရဲ့၁၈နှစ်ပြည့်မွေးနေ့မှာ ရိပေါ်တို့ရဲ့ဘဝမှန်ကိုပြောပြတော့လည်း သူတို့ကိုလိမ်ရမလားဆိုပြီးစိတ်မဆိုးတဲ့အပြင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လောက်တောင်ကြောက်နေကြမလဲဆိုပြီး ရိပေါ်တို့နှစ်ယောက်ကိုဖတ်ပြီး ငိုခဲ့သေးတယ်။ တကယ်ပဲ အားရီက သက်ရှိနတ်သမီးလေးပဲ။
VOUS LISEZ
Hope (Complete)
Fiction généraleအခုမှ စာစရေးတာမို့ အရေးအသားလိုအပ်ချက်တွေရှိနိုင်ပါတယ်။