လော့ရမ်ကိုရောက်တော့ ရထားပေါ်ကဆင်းလာပြီး တယောက်လက်တယောက်ဆွဲလို့ ဘူတာထဲကနေတလှုပ်လှုပ်နဲ့ထွက်လာခဲ့တယ်။ ၃နာရီခန့်ရထားစီးလာရတော့ နှစ်ယောက်လုံး ပင်ပန်းနေကြပြီ။ ဘယ်သွားလို့ ဘယ်လာရမှန်း မသိတော့ မျက်စိရှေ့ တွေတဲ့လမ်းအတိုင်းသာတည့်တည့်ကြီးလျှောက်နေမိတယ်။ နေ့လည် ၁၂ နာရီဆိုတော့နေကလည်းကျစ်ကျစ်တောက်ကိုပူလို့၊ အချိန်မှန်စားနေကြဆိုတော့ အစာအိမ်တွေကလည်းဆန္ဒပြနေကြပြီ။ ဝမ်းမီးအပူဒဏ်ရယ်၊ ရင်ထဲကသောကရယ်ကြောင့် လော့ရမ်မြို့ရဲ့ အလှပကိုလည်းမခံစားနိုင်ကြဘူး။ ခံစားနားလည်နိုင်တဲ့ အရွယ်လည်းမဟုတ်ကြသေးဘူးကိုး။
"ရှောင်း, မင်း ဗိုက်ဆာပြီလား
ဟိုရှေ့မှာခေါက်ဆွဲဆိုင်တွေ့တယ်""ဆာတော့ဆာပြီ, ဒါပေမယ့် ငါတို့မှာပါလာတဲ့ပိုက်ဆံက နည်းနည်းလေးနော်, အရမ်းသုံးလို့မရဘူးကွ"
"ငါသိပါတယ်, တပွဲဝယ်ပြီး နှစ်ယောက်စားမယ်လေ"
"အဲ့ဒါ ကောင်းတယ်"
အသက်၁၀နှစ်အရွယ်ကလေးနှစ်ယောက်ဆိုပေမယ့်
မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့ရတာမို့ သူတို့ဟာအရွယ်နဲ့မမျှအောင်ရင့်ကျက်ခဲ့ရတယ်။ ဒါကြောင့်လည်း ခုလိုသေရေးရှင်ရေးအချိန်မှာတောင် မျင်ရည်လည်ရွှဲဖြစ်မနေကြတာပေါ့။သူတို့နှစ်ယောက်ဆိုင်ထဲဝင်သွားပြီး
"အားရီ, ခေါက်ဆွဲကြော်တပွဲပေးပါ ခင်ဗျ"
သွက်လက်တဲ့ ဝမ်လေးကပဲလှမ်းမှာလိုက်တယ်။
ဆိုင်ရှင်အဒေါ်ကြီးက ခေါက်ဆွဲကြော်တပွဲလာချပေးရင်း
"ကလေးတို့၂ယောက်ကို ဒီမြို့မှာမမြင်ဘူးပါဘူး,
ဘယ်ကလာကြတာလဲ၊ မိဘတွေမပါဘူးလား""ဟုတ်ကဲ့ မပါပါဘူးခင်ဗျ, အဘွားဆီကိုလာတာပါဗျ"
ဆိုင်ရှင်အဒေါ်ကြီးက"သြော်..သြော်"ဆိုပြီး ခေါင်းကလေးတငြိမ့်ငြိမ်နဲ့ ထွက်သွားတယ်။သူတို့နှစ်ယောက်လှည်း ဆာဆာနဲ့ ခေါက်ဆွဲကြော်ကို ခေါင်းမဖော်တမ်းစားလိုက်ကြတယ်။ ခဏကြာတော့ ခုနက ဆိုင်ရှင်အဒေါ်ကြီးက ပေါက်ဆီ၂လုံးထည့်ထားတဲ့ပန်းကန်လေးကိုင်လာပြီး
KAMU SEDANG MEMBACA
Hope (Complete)
Fiksi Umumအခုမှ စာစရေးတာမို့ အရေးအသားလိုအပ်ချက်တွေရှိနိုင်ပါတယ်။