ရိပေါ်တို့နှစ်ယောက် အခန်းထဲရှိပစ္စည်းများကိုဘေးတဘက်သို့အစီအရီကပ်ပြီး၊ သန့်ရှင်းရေးပြုလုပ်လိုက်ကြသည်၊ပစ္စည်းများဖြစ်သလိုစုပုံထားတုန်းကျဥ်းတယ်ထင်ရပေမယ့် စနစ်တကျအစီအရီလေး ထားလိုက်တော့လည်း အတော်အသင့်ကျယ်ဝန်းပါတယ်၊ သန့်ရှင်းရေးလုပ်ပြီး တကိုယ်လုံးပေပွနေတာမို့ ရေမိုးချိုးသန့်စင်ကြတယ်။သူတို့ရေချိုးပြီးတော့ ညနေပင်ရောက်နေပြီ။
"ဒီမှာ မင်းတို့အတွက်စောင်နဲ့ခေါင်းဦးတွေ"
အခန်းရှေ့က လှမ်းပြောသံကြားလို့ သူတို့နှစ်ယောက်ထွက်ယူလိုက်တယ်။ စောင်တွေလာပို့သူက
"ငါ့နံမည်က ကျင်းရီ၊ ဒီဆိုင်ကစားပွဲထိုးပဲ
မင်တို့နံမည်ကရော""ကျတော့်နံမည်က ရှောင်းကျန့်ပါ ကော
သူ့နံမည်က ဝမ်ရိပေါ်ပါဗျ""ဒီဆိုင်မှာတော့ စားပွဲထိုးမမြဲဘူးကွ၊ ငါတယောက်သာသည်းခံနိုင်လို့မြဲတာကွ၊ ညီလေးတို့လည်း သည်းခံကြ၊ ကျန်းချန်ကောက အပြောကြမ်းပေမယ့် စိတ်ရင်းကောင်းပါတယ်"
"ဟုတ်ကဲ့ ကျင်းရီကော"
"သြော် မေ့တော့မလို့ ယန်းလီကျဲကမှာလိုက််တယ် ၇နာရီလောက်ကြ ထမင်းစားဖို့ အပေါ်ထပ်ကိုလာခဲ့ကြတဲ့၊ ခုတော့နားကြဦးတဲ့"
"ဟုတ်ကဲ့ ကျင်းရီကော"
သဘောကောင်းတဲ့ ကျင်းရီဆိုသောအစ်ကိုပြန်ထွက်သွားမှသူတိုစောင်နဲ့ခေါင်းဦးပိုက်ပြီး အခန်းထဲဝင်လာခဲ့တယ်။ ကုတင်မရှိတာကြောင့် ကျမ်းပြင်ပေါ်ပဲ အခင်းခင်းပြီ လှဲလိုက်ကြတယ်။ သူတို့မနေ့က
ညနေလောက်ကစပြီး မနားရသေးတာ ခုမှကောင်းကောင်းနားရတာပဲ။ အရမ်းပင်ပန်းနေတာကြောင့် ဘာစကားမှတောင်မပြောမိကြဘူး။ အိပ်ပျော်သွားမှာဆိုးလို့ သတိထားနေသေးတယ်၊ဆိုင်ရှင်ကလာနှိုးနေရရင်မကောင်းဘူးမှတ်လား။###
"ဟော..လာကြပြီလား" သူတို့နှစ်ယောက်အိမ်ပေါ်တတ်လာတော့ အားရီက လှမ်းနှုတ်ဆက်တယ်။
"ဟုတ်ကဲ့ ခင်ဗျ"2
"လာလာ ထိုင်ကြ, ထမင်းစားကြရအောင်"သူတို့နှစ်ယောက် စားပွဲမှာဝင်ထိုင်လိုက်ကြတယ်။
KAMU SEDANG MEMBACA
Hope (Complete)
Fiksi Umumအခုမှ စာစရေးတာမို့ အရေးအသားလိုအပ်ချက်တွေရှိနိုင်ပါတယ်။