အပိုင်း ၈

2.1K 195 0
                                    

Unicode

"အဆိပ်မိတာပဲ"​

ရှောင်း​ကျန့် လူ​သေ​အ​လောင်းအား​သေချာစစ်​ဆေးရင်း ​ရေရွတ်လိုက်တယ်။ အခန်းထဲမှာသဲလွန်စကျန်မကျန်​​သေချာစစ်​ဆေးကြည့်လိုက်တယ်။
ဖတ်လက်စဖြစ်ပုံ​ပေါ်​သော စာအုပ်၁အုပ်က ကုတင်​ပေါ်မှာ ​မှောက်လျက်သားရှိ​နေတယ်။

* ရုန်းရင်းဆန်ခက်ဖြစ်ထားပုံလည်းမ​ပေါ်ဘူး။ ဒါဆို  အစားအစာ သို့မဟုတ် ​​သောက်တဲ့​ရေမှာ အဆိပ်ခပ်ထားတာပဲ​ဖြစ်ဖို့များတယ်*

ကုတင်​ဘေးက စားပွဲ​ပေါ်ကိုအကြည့်​ရောက်သွား​တော့ ​ရေကရားနဲ့ ဖန်ခွက်တခုကို​တွေ့လိုက်တယ်။

"ရဲ​ဘော် , ဒီ​ရေကို စစ်​ဆေးဖို့ပို့လိုက်, ဖန်ခွက်​ပေါ်က လက်​ဗွေရာ​ရော ယူထားး"
"ဟုတ်ကဲ့, ဆရာ"

ထိုစဥ်အခန်းထဲသို့ ​ရိ​ပေါ်ဝင်လာရင်း
"​ရှောင်း, ထူးခြား​တာ တခုခု တွေ့ထားလား ??"
"​သောက်တဲ့​ရေထဲကို အဆိပ်ထည့်ထားတာလို့ ထင်တယ်, ​ရေကို စစ်​ဆေးဖို့ပို့ခိုင်းထားတယ်, မနက်ဖြန်​တော့အ​ဖြေသိရမယ်ထင်တယ်၊ CCTV မှာ​ရော ဘာထူးလဲ?"

"ရှိသမျှ CCTV ​တွေ​ အကုန်လုံး မ​နေ့က တ​​နေ့လုံးစာ ပျက်​နေတယ်, ဘာသဲလွန်စမှမရခဲ့ဘူး"

"စခန်း​ရောက်မှ ဆက်​ပြောကြရ​အောင်, ဝမ်"

"OK"
ရှောင်းက နယ်​မြေရဲစခန်းက ရဲ​ဘော်​လေးဘက်ကိုလှည့်ပြီး.....

"ရဲ​ဘော်, အ​လောင်းကို အ​လောင်းခွဲစိတ်ဌာနကိုပို့လို့ရပြီ"​

"ဟုတ်ကဲ့ပါ ဆရာ"

တကယ်ဆို လူသတ်မှုကို သက်ဆိုင်ရာ နယ်​မြေရဲစခန်းကပဲ အရင် စုံစမ်းရမှာ, ဒါ​ပေမယ့် အခု​အသတ်ခံရသူက ရှန်ဟိုင်းရဲ့မြို့​တော်ဝန် ဖြစ်မို့ သူ့တို့လို အထူးစုံစမ်းစစ်​ဆေး​ရေးအဖွဲ့က တာဝန်ယူလိုက်ရတာ။

####

"အခု အသတ်ခံရသူက မြို့​တော်ဝန် ကုကျားရန်ပဲ။ အားလုံးသိတဲ့အတိုင်းပဲ အဆိပ်ခပ်ပြီးအသတ်ခံရတာ ။ ဇနီးဖြစ်သူကလည်း မကြာ​သေးခင်ကမှ ကားမ​တော်တဆမှု​ကြောင့် မျက်စိကွယ်ထားပြီး၊ ​ခြေ​ထောက်အရိုးအက်သွားတယ်။ ခြေ​ထောက်ဒဏ်ရာ​ကြောင့် ခုချိန်ထိ​ဆေးရုံမှာပဲရှိ​​နေ​သေးတယ်။ သားတ​ယောက်၊ သမီးတ​ယောက်ရှိတယ်။ သမီးဖြစ်သူဟာ ​မွေးစားထားတာလို့ သိရပါတယ်။ သား​ရော/သမီး​ရော ၂​ယောက် စလုံးက ဆရာဝန်​တွေပါ။ အခင်းဖြစ်တဲ့အိမ်မှာ သူတို့မိသာစု​လေး​ယောက်အပြင် ကုကျားရန်ရဲ့ ညီမဖြစ်သူ ကုချင်းချင်ရယ်၊ အိမ်​တော်ထိန်းလီရယ်၊ အခြားအလုပ်သမားသုံး​ယောက် ရယ် နေပါတယ်။ အခင်းဖြစ်ပွားတဲ့​နေ့မှာ​တော့ သားဖြစ်သူ ကုရီရှင်းက ​ဆေးရုံမှာ night dutyဆင်း​နေပြီး၊ သမီးဖြစ်သူကု​ရှောင်မုံ ကတော့ အဘွား​နေမ​ကောင်းတာ​ကြောင့် အဘွားအိမ်မှာ​ရောက်​နေတယ်လို့သိရပါတယ်"

Hope (Complete)Where stories live. Discover now