Unicode
ဂုတ်ပေါ်ထောက်နေတဲ့ ရွှေဝါရောင်ဆံပင်တွေကိုမမှီတမှီ စုစည်းထားပြီး၊ အဖြူရောင်ရှပ်အင်္ကျီကို ကြယ်သီးနှလုံးလောက်ဖြုတ်ဝတ်ထားတဲ့ ရိပေါ်ပုံစံက သိပ်ကိုစွဲဆောင်မှုရှိလွန်းတယ်။ စူးရဲနေတဲ့မျက်လုံးနဲ့ သေသပ်စွာပိတ်ထားတဲ့နှုတ်ခပ်းပါးတစုံဟာ ရှိရှိသမျှပျိုမဒီတွေအားလုံးပစ်ကြွေချင်စရာ။ကလပ်တခုလုံက မိန်းကလေးတွေအားလုံးရဲ့အကြည့်က သူ့ဆီမှာတဝဲလည်လည်။ သူ, လက်ထဲကကော့တေးခွက်ကိုလှုပ်ရမ်းပြီး ဆူညံနေတဲ့သီချင်းသံတွေကြားမှာ ကခုန်နေတဲ့ လူတွေဆီကို မျက်စိဝေ့ကာကြည့်နေတုန်း....
"ညာဘက်၁၀နာရီမှာအင်္ကျီအနီနဲ့"
နားမှာတပ်ထားတဲ့ကိရိယာမှ အသံထွက်လာတာနဲ့တပြိုင်ထဲ လူသုံးယောက်ထိုင်နေတဲ့ဝိုင်းဆီသို့လျှောက်လာခဲ့တယ်။ သူ ထိုဝိုင်းနားမရောက်ခင်မှာပဲ တဘက်လူတွေက ရိပ်မိပြီး ချက်ခြင်းထပြေးကြတော့တာပဲ။ ကလပ်ရဲ့အနောက်ဘက် ထွက်ပေါက်ဆီ ပြေးထွက်သွားတာမို့ သူအနောက်ကအသည်းအသန်လိုက်ဖမ်းတယ်။တယောက်ကိုလှမ်းဆွဲလို့မှီတဲ့အချိန် အပြန်အလှန်ထိုးကြိတ်နေကြတုန်း ကျန်တဲ့နှစ်ယောက်က ကလပ်ရဲ့အပြင်ကိုရောက်သွားတော့ အပြင်မှာစောင့်ဖမ်းနေတဲ့ ရှောင်းကျန့်နဲ့တိုက်ခိုက်ကြတယ်။နှစ်ယောက် , တယောက်မို့ အသည်းအသန်တိုက်ခိုက်နေရတယ်။ ရှောင်းကျန့်က တယောက်ရဲ့ရင်ဝကိုအားနဲ့စောင့်ကန်လိုက်ပြီး ကျန်တယောက်ထွက်မပြေးနိုင်အောင်လည်း အင်္ကျီကော်လန်ကိုလှမ်းဆွဲပြီး မျက်နှာကို ဆွဲထိုးပစ်လိုက်တယ်။ တဘက်လူက ရှောင်းကျန့်လက်ထဲက အင်္ကျီကိုဆွဲဖယ်ရင်း ရှောင်းကျန့် ရဲ့ မျက်နှာကို ပြန်ထိုးလိုက်တယ်။ ထိုစဥ် ခုနသူကန်လိုက်လို့လဲကျနေသူက ထလာပြီး သူ့ကိုနောက်ကနေစောင့်ကန်လိုက်တယ်။ ရှောင်းကျန့်မြေပေါ်လဲကျသွားတဲ့အချိန်မှာပဲ ခုနသူ့ကိုကန်လိုက်တဲ့သူကို နောက်ကလိုက်လာတဲ့ရိပေါ်က ခုန်ကန်လိုက်တယ်။ ထိုစဥ် အခြားဘက်မှာ အဆင်သင့်စောင့်နေကြတဲ့အဖွဲ့ဝင်တွေပါရောက်လာကြပြီးထိုးကြ ကြိတ်ကြတယ်။ သူတို့အင်အားကများတာမို့ လူဆိုးနှစ်ယောက်လုံး မှောက်သွားတယ်။
BINABASA MO ANG
Hope (Complete)
General Fictionအခုမှ စာစရေးတာမို့ အရေးအသားလိုအပ်ချက်တွေရှိနိုင်ပါတယ်။