အပိုင်း ၁၄

1.8K 186 1
                                    

Unicode

သူတို့ မနက်​စော​စောထကာ မီးဖို​ချောင်ထဲတွင် ချက်ပြုတ်ရင်း အလုပ်ရှုပ်​နေ​သော အားရီကို ကူလုပ်​ပေး​​တော့ အားရီက ​ပျော်တပြုံးပြုံး​ပေါ့။မိသားစုစုံစုံညီညီ  မနက်စာ စား​သောက်ပြီးမှ ရုံးကိုထွက်လာခဲ့ကြတယ်။

     ပါ​မောက္ခဆီမှ မြို့​တော်ဝန်မိတဲ့အဆိပ်က ထို​​ဆေးရုံက ဟာနဲ့ တူညီပါတယ်ဆိုတဲ့ အ​ဖြေစာရွက်​ရောက်လာတော့..စီနီယာက..

"သက်​သေရပြီမို့ ဖမ်းစီးခွင့်ဝရမ်း​တောင်းထားတယ် , ရတာနဲ့ချက်ခြင်းထွက်မယ်"

၂နာရီခန့်​စောင့်ဆိုင်းပြီး​တော့ ဝရမ်းကျလာတဲ့အခါ သူတို့​တွေ ကု​ရှောင်မုံရှိရာ ဆေးရုံသို့ ထွက်လာခဲ့တယ်...

"​ ဒေါက်တာ ကု​ရှောင်မုံကို, မြို့​တော်ဝန်ကိုသတ်တဲ့အမှုရဲ့ တရားခံအဖြစ်ဖမ်းဆီးပါတယ်, တိတ်ဆိတ်​နေခွင့်နဲ့ ​ရှေ့​နေငှားပိုင်ခွင့်ရှိပါတယ်"

​ကု​ရှောင်မုံ​ရဲ့​​ရှေ့ကို ဝရမ်းစာရွတ်​လေးပြရင်း လက်ထိတ်ခတ်လိုက်တယ်။

သူမနံ​​ဘေးမှာ ရှိ​နေတဲ့ သူမရဲ့​မောင်​လေး ကု​ရီရှင်း က မယုံနိုင်သလိုမျက်လုံးမျိုးနဲ့ကြည့်ရင်း...

"ကျဲ....."

ကု​ရှောင်မုံက မျက်ရည်​တွေကျ​နေတဲ့ကြားက​နေအားယူပြုံးရင်း..
"ကျဲကျဲက...​ရှင်းလေးနဲ့မားမားကို​တော့ တကယ်ချစ်ခဲ့တာပါ..ကျဲကျဲ က ကျဲကျဲရဲ့​မောင်​လေးကိုတကယ်ချစ်ခဲ့ပါတယ်ကွယ်.."

" ​တော်​တော့..​တော်လိုက်ပါ​တော့..ခင်ဗျားလုပ်ရက်လိုက်တာ...ကျ​တော်​​ရော, မားမား​ရော ခင်ဗျားကို ဘယ်​လောက်ချစ်ခဲ့လဲ..ခင်ဗျားကလူမဟုတ်ဘူး.."

" အင်း..ကျဲကျဲ က လူမဟုတ်ဘူး..ဒါဆို ရှင်း​လေးရဲ့ပါးပါးက​​ရော လူပီသခဲ့လို့လား? "
"​ပြောပါဦး..လူပီသခဲ့လို့လားလို့...." သူမအသားကုန်​အော်ပစ်ကာ ငိုချလိုက်တယ်။

ရီရှင်း က မယုံနိုင်သလို​လေးပြန်ကြည့်ရင်း..
"ကျဲ..ကျဲ သိ​နေခဲ့တာလား?"

သူမက ခပ်ယဲ့ယဲ့​လေးပြုံးပြရင်း..​ရှောင်းကျန့်တို့ဘက်ကိုလှည့်ကာ .

Hope (Complete)Où les histoires vivent. Découvrez maintenant