ဒီနေ့ သူတို့တွေသာယာနေကြတယ်၊ ဘာကြောင့်ဆို ဦးဦးကျန်းချန် ဒေါသမထွက်တဲ့နေမို့လို့၊ဒေါသမထွက်ယုံတင်မဟုတ်ဘူး ဦးဦးက ပြုံးတောင်ပြုံးနေသလားလို့။
"ကျင်းရီကော....ဦးဦးကိုကြည့်ရတာ ဒီနေ့ ပျော်နေသလိုပဲနော်"
ရိပေါ်မနေနိုင်လို့ ကျင်းရီကောနားကပ်ပြီးတိုးတိုးလေးမေးလိုက်တယ်။
"အေး, ကျဲကျဲ ပြောတာတော့ ဟိုက်ခွမ်းကော ပြန်ရောက်မယ်တဲ့, အာ့ကြောင့်ပျော်နေတာနေမှာပေါ့"
"ဟိုက်ခွမ်းကောက ဘယ်သူလဲ?"
"ကျန်းချန်ကောရဲ့ ချစ်သူလောင်း"
"ချစ်သူလောင်း?? ....ဟိုက်ခွမ်း ဆိုတာ ယောကျ်ားနာမည် မဟုတ်ဘူးလား?"
"ဟုတ်တယ်လေ, ယောကျ်ားပဲလေ"
"ဟမ်.... ယောကျ်ာလေးချင်း ချစ်သူဖြစ်လို့ရလား?"
ရှောင်းကျန့် တယောက် ရိပေါ်နဲ့ကျင်းရီကောပြောနေတာတွေကိုဘာမှဝင်မပြောပဲ အသာလေးနားထောင်နေရင်းက မျက်လုံးလေးပြူးပြီးတအံ့တသြ ထမေးလိုက်တယ်။"ဟ!...ရတာပေါ့ကွ, အေးပါ မင်းတို့ကငယ်သေးတာကိုး.... ဒါတွေဘယ်နားလည်ဦးမလဲ ဟ..ဟ"
"ကျင်းရီကောကရော ရည်းစားရှိလား"
"ရှိတာပေါ့ကွ"
"ဟုတ်လို့လား.....ကောကိုကြိုက်မဲ့သူရှိလို့လား?"
"အောင်မာ..ငါကကျောင်းတက်တုန်းကစော်ကြည်ဘဲကွ"
"မယုံပါဘူး"
"မယုံပါဘူး""အမလေး....ရှောင်းကျန့်လေးတို့ စိတ်ကြည်နေတယ်ထင်ပါ့ စကားတွေဘာတွေပြောလို့ဟေ့"
သူတို့စားပွဲတွေသုတ်ရင်း တိုးတိုး တိုးတိုးနဲ့ပြောနေကြတုန်း........
"ကျဲ...ကျနော်..ဟိုက်ခွမ်းကိုလာကြိုမယ်လို့ပြောထားလို့..သွားကြိုလိုက်ဦးမယ်နော်..""ဟုတ်ပါပြီရှင်.. ကားကိုဖြေးဖြေးမောင်းသွား..အေးအေးဆေးဆေး အလွမ်းသည်ခဲ့..."
"ကျဲ!......"
ကျန်းချန်ကောရှက်ကိုးရှင်ကန်းနဲ့ဆိုင်ထဲက ထွက်သွားတော့မှ သုံးယောက်သား ခွီးကနဲရယ်လိုက်ကြတယ်။
YOU ARE READING
Hope (Complete)
General Fictionအခုမှ စာစရေးတာမို့ အရေးအသားလိုအပ်ချက်တွေရှိနိုင်ပါတယ်။