အပိုင်း ၅

2.3K 209 0
                                    

အခုဆို သူတို့​လော့ရမ်ကို​ရောက်တာ၁လပြည့်ပြီ။ ဆိုင်မှာစပြီး အလုပ်စလုပ်တဲ့​နေကဆို သူတို့​ခြေ​ထောက်​တွေ​နာလွန်းလို့​ဆေးပါလူးအိပ်ရတာ။ ခု​တော့​နေသားကြ​နေပြီ။အစပိုင်း​တော့ ပန်းကန်​တွေ,ဘာတွေ, ကျကွဲတာ​တွေလည်းဖြစ်​သေးတယ်။အဲ့တုန်းကဆို ဦးဦးကျန်းချန် ​ငေါက်လိုက်တာများ ချက်ခြင်း နှင်ထုတ်​တော့မယ်​တောင်ထင်တာ။ဒါ​ပေမယ့် ​နောက်ရက်ကြ​တော့ သူတို့နှစ်​ယောက်လုံးကို ယွမ်၅၀စီမုန့်ဖိုး​ပေးတယ်။ကျင်းရီ​ကော​ပြောတာတကယ်မှန်တယ်။ဦးဦးကျန်းချန်က အ​ပေါက်ဆိုး​ပေမယ့် စိတ်ရင်းတကယ်​ကောင်းတယ်။
ခုဆိုရင် ​နေ့လည်စာပါ ထမင်းစားရပြီ။အားရီကို​ရော၊ဦးဦးကို​ရောတကယ်​ကျေးဇူးတင်တယ်။မဟုတ်ရင် သူတို့နှစ်​ယောက် ခုချိန်လမ်း​ဘေးမှာအိပ်ပြီး၊ တ​နေ့ထမင်းတနပ်​တောင်စားရဖို့မ​သေချာဘူး​လေ။

သူတို့​ ​ဂေဟာမှာ​နေတုန်းက တ​နေ့ကို​ကျောင်းမုန့်ဖိုး၁၅ယွမ်စီရတယ်၊ သူတို့နှစ်​ယောက်လုံး မုန့်ဝယ်မစားပဲ ပိုက်ဆံစုတတ်တယ်။​ တခါတ​လေ လိုချင်တဲ့စာအုပ်​လေး​တွေဝယ်တာကလွဲရင် တခြားဘာမှမသုံးဘူး။အဲ့ဒီညက သူတို့ထွက်​ပြေးဖို့စီစဥ်​တော့ သူတို့စုထားတဲ့ပိုက်ဆံ​တွေကို​ရေကြည့်တာ သူ့ဆီမှာရှိတာ ယွမ်၆၀၀ ၊ ​ရှောင်းဆီမှာယွမ် ၆၅၀ စုစု​ပေါင်း ယွမ်၁၂၅၀​ ပဲရှိတယ်၊ သူလိုလိုမယ်မယ် အန်တီjassica ဆီက မုန့်ဖိုး​တောင်းလို့ရတဲ့ ယွမ်၅၀​ရော​ပေါင်းမှ ယွမ်၁၃၀၀ပဲရှိတယ်။ ဒီ​လောက်​ငွေနဲ့ ဆို တပတ်​လောက်​တော့ ထမင်းမငတ်​လောက်ပါဘူးလို့ အားတင်းပြီးထွက်လာကြတာ။
ဘုရားသခင်က အရမ်း​တော့မရက်စက်ပါဘူး၊ အားရီတို့လို့ သူ​တော်​ကောင်း​တွေနဲ့​တွေ့ခွင့်ရတယ်။ ပါလာတဲ့​​ငွေ​လေး​တွေလည်းမ​လျော့​တော့ဘူး​ပေါ့။ဦးဦးကလည်း သူဆူမိတဲ့အခါတိုင်း မုန့်ဖိုး​ပေး​​သေးတယ်။

"​ရှောင်း, အိပ်​​မ​ပျော်ဘူးလား ? "

"​အင်း ... လီယန်​လေးကို သတိရ​​နေတာ
လိယန်​လေးသနားပါတယ်​​နော်"

"မမ​ဒေလီယာ​ကို​ရော သူတို့ဘာလုပ်လိုက်ကြလဲမသိဘူး, ငါက မမ​ဒေလီယာ​မွေးစားခံရတုန်းကအရမ်းကို အားကျခဲ့တာ"

Hope (Complete)Onde histórias criam vida. Descubra agora